25 C
Yangon

မြင်းခြံတွင် ညအချိန် မီးပြတ်၍ အပြင်ထွက်ထိုင်နေသော ပြည်သူများကို တန်းစီ ပါးရိုက်ခဲ့သူ၊ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းလုယက် မီးရှို့ခဲ့သူ ပျူစောထီး လူမိုက် ထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ညအချိန် မီးပြတ်၍ အပြင်ထွက်ထိုင်နေသော ပြည်သူများကို တန်းစီခိုင်းပြီး ပါးရိုက်ခဲ့သူ၊ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းလုယက် မီးရှို့ခဲ့သူ ပျူစောထီး လူမိုက် ထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာသို့ သီတာယုမွန်ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ်၊ လူမိုက်တစ်ဦးလည်းဖြစ်သူ ပျူစောထီး ထွန်းထွန်းဝင်း (ခ) ငထွန်းရောက်ရှိလာကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးကြောင်း၊ ထို့ကြောင့် ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ သေဆုံးသူ ပျူစောထီးထွန်းထွန်းထံမှ ကာဘိုင်ကျည် ၂၃တောင့်၊ ၇၉ ဒသမ ၂ ကပစ ထုတ် ကျည်တစ်တောင့် သိမ်းဆည်း ရရှိခဲ့ကြောင်း၊ Freedom Fighter Guerrilla Force (FFGF)Anyar Federal Task Force(AFTF)ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့(MGN) တို့က ပူးပေါင်း၍ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“သူက မြင်းခြံမြို့ပေါ် သီတာယုမွန်ပျူစောထီးအဖွဲ့က ။ မြို့ပေါ်မှာ ပျူစောထီးထွန်းထွန်းနဲ့စစ်တပ်က မြင်းခြံအထက ၂ ကျောင်းမှာ တပ်စွဲထားတယ်။ သူတို့ တပ်စွဲထားတဲ့ ကျောင်းက အမှတ် ၁၇ ရပ်ကွက်ထဲမှာရှိတယ်။ အဲဒီမှာ ပြည်သူတွေက ညပိုင်းပူလို့ အပြင်ထွက်ထိုင်တာကို မှောင်ရိပ်ခိုတယ်ဆိုပြီး ပြည်သူတွေကို တန်းစီခိုင်းတယ်။ ပြီးတော့ သေသွားတဲ့ ပျူစောထီးထွန်းထွန်းက ပြည်သူတွေရဲ့ ပါးတွေကိုချည်း လိုက်ရိုက်တယ်။ သူတို့တပ်စွဲထားတဲ့ အထက ၂ ကျောင်းရှေ့က ဖြတ်သန်းသွားရင်လည်း ပြည်သူတွေကို ပါးခေါ်ရိုက်တယ်။ ရွာတွေဆင်းရင် အိမ်တွေ ဖောက်တယ်။ လုယက်တယ်။ မီးရှို့တယ်။ အဲဒါ မေလ ၁ ရက်နေ့ နတ်ထားကျေးရွာမှာ သူရောက်နေတုန်း အသတ်ခံလိုက်ရတာ။ နတ်ထားနဲ့ မြင်းခြံမြို့ပေါ်က ဆိုင်ကယ်နဲ့ ၁၀ မိနစ်ပဲ သွားရတယ်။ သူအသတ်ခံရတာ ကြားတော့ ပြည်သူတွေဆိုတာ ပျော်လို့ ထတောင်ကကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပျူစောထီး ထွန်းထွန်းဝင်း၏ နာရေးကို မေလ ၂ ရက်နေ့ ချောင်းဒေါင်းသုသာန်တွင် သဂြိုလ်ခဲ့ပြီး သီတာယုမွန် ပျူစောထီးအဖွဲ့နှင့် စစ်တပ်စစ်ကြောင်းများ နာရေးလိုက်ပါပို့ဆောင်ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article