25 C
Yangon

ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်နန္ဒကျော် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်သဖြင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်

Must read

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်နန္ဒကျော် သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်သဖြင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် ပခုက္ကူမြိုနယ်၊ကမ္မနယ်မြေ ရဲစခန်းမှ ရဲဒုတပ်ကြပ် နန္ဒကျော် သည် မြိုင်ပကဖနှင့် ချိတ်ဆက်၍ G3 သေနတ် ၁ လက်၊ ကျည် ၁၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ အလင်းဝင်ရောက်လာကြောင်း၊ ထို့ကြောင့် မြိုင်ပကဖက ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူဘက်သို့ ပူးပေါင်းလိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်ပကဖသို့ အမြန်ဆုံး ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း မြိုင် ပကဖက ကမ်းလှမ်းဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article