25 C
Yangon

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ

Must read

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ

■ စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း

ရန်ကုန်၊ မေ ၃

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တရားဝင်ကြေညာလိုက်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA၏ တရားဝင် သတင်းထုတ်ပြန်ရေးစာမျက်နှာ SSPP Info မှ တစ်ဆင့် အဆိုပါ ကြေညာမှုကို တရားဝင် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲဖြစ်ရတော့မည် ဖြစ် ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ထုတ်ဖော်ပြောဆိုသည်။

စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုး ကြီး ဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လျစ်လျူရှု ပစ်ပယ်ကာ တစ်ပြည်ထောင် စနစ် တည်ဆောက် ခဲ့သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စား ပွဲဝိုင်းပေါ် ဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင် တော့တဲ့ အဆုံး လက်နက် ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြော သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှု အောက်မှ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အား လုံး ကြိုးစား တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က “တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြ ဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေး နွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်း စဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ပြောသည်။

SSPP/SSA တပ်ဖွဲ့သည် ဉီးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည် နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ပ ဏာမ အပစ်ရပ် စာချုပ်များ လက် မှတ်ရေးထိုးခဲ့သော်လည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ အတွင်း SSPP/SSA ဌာနချုပ် ရှိရာ ဝမ်ဟိုင်းကို စစ်တပ်က ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲကြီးများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article