36 C
Yangon

ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၇၀ ကျော် အဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၇၀ ကျော် အဖမ်းဆီးခံရ

ရန်ကုန်| မေ ၄

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖိုးဖမြို့နယ်နှင့် ဘန့်တာ့က်မြို့နယ်က ကျေးရွာများတွင် မေလ ၂ ရက်နေ့က တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးထဲတွင် အမျိုးသမီး ၂၀ ကျော် ပါဝင်ဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဖူးခက်မြို့သို့ သွား ရောက်လုပ်လုပ်ကိုင်ရန် ကရင်ပြည်နယ် မြ၀တီမြို့မှတစ်ဆင့် တရားမဝင်နယ်စပ်လမ်းအတိုင်း ဝင်လာရောက်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်စဉ် ထွက်ဆိုထားကြသည်။

ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သမား ၇၄ ဦးမှာ တစ်ဦးကို ဘတ် ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပွဲစားခပေးပြီး ဝင်ရောက်လာသူများ ဖြစ်ကြသည်။

ဖမ်းဆီးခံ အထောက်ထားမဲ့ မြန်မာလုပ်သား ၇၄ အား လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ၊ ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article