36 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊မေ ၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၅၇ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Southern Brothers Army က ပြောဆိုထုတ်ပြန်သည်။

ဧပြီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၅၇ တပ်ရင်းမှ တပ် ကြပ်ကြီး စာရေး ကိုကိုထွေး နှင့် မြတ်စိုးဦးတို့ တောင်ပိုင်း ညီနောင်စစ်ကြောင်းထံ MA အမျိုးအစား သေနတ် ၂ လက်၊ ၅.၅၆ ကျည်ဆံ၂၆၀ တောင့်၊ ကျည်အိမ် ၆ ခုတို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲဘော် ၂ ဦးကို လက်ရှိချိန်တွင် လွတ်မြောက်နယ်မြေ တစ်နေရာ ပို့ဆောင်ထားပြီး၊ ဂုဏ်ပြုငွေများလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article