36 C
Yangon

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်နှင့် မြစ်သား၊ တာဝါတိုင် စောင့် စစ်တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်နှင့် မြစ်သား၊ တာဝါတိုင် စောင့် စစ်တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ မေ ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ကပြောသည်။

မေလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး အရာရှိ တစ်ဦးနှင့်အခြားအဆင့် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နောက် ဆက်တွဲသတင်းအရ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲမေ တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA ၊ Nighthawks နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့်စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့် ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေ မည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာတာဝါတိုင်စောင့် စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောဆိုသည်။

ယမန်နေ့ မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့် မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာ တာဝန်တိုင်စောင့်ကာ အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖီးနစ်ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article