36 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ချောင်းတော်ဝရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ၊ ရှားစေးချက်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်မှုရှိ

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ချောင်းတော်ဝရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ၊ ရှားစေးချက်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ချောင်းတော်ဝရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ငါးလုံးပြွန်ကျေးရွာကို အင်အား ၁၀၀ ခန့်၊ တံငါကျေးရွာကို အင်အား ၅၀ ခန့်နှင့် သဖန်းကိုင်းကျေးရွာရွာ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ချောင်းတော်ဝရွာရှိ ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများသည် ရှားစေးချက်ကျေးရွာထဲကို ကျရောက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။

“ဒီနေ့ နံနက် ၅ နာရီခန့်မှာ စစ်ခွေးတွေက ငါးလုံးပြွန်ကျေးရွာကို အင်အား ၁၀၀ ခန့်၊ တံငါကျေးရွာကို အင်အား ၅၀ ခန့်၊ သဖန်းကိုင်းကျေးရွာကို အင်အား ၇၀ ခန့်နဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲစစ်ခွေး စစ်ကြောင်းက ချောင်းတော်ဝရွာကို ဒီနေ့ နံနက် ၉ နာရီခန့်က မီးရှို့ခဲ့တယ်။ စစ်ခွေး လက်နက်ကြီးနဲ့ ပစ်တာ ရှားစေးချက် ကျေးရွာကို ကျရောက် ပေါက်ကွဲပြီး ပြည်သူတွေ ထိခိုက်မှုရှိတယ်။ ပြည်သူ ဘယ်နှဦး ထိခိုက်မှုရှိတယ်ဆိုတာကတော့ မသိရသေးဘူး” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article