30 C
Yangon

မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မေ ၅

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

မေလ ၄ ရက်နေ့ ညနေပိုင်း၌ အောင်ဇေယျစစ်ကြောင်းတွင် လိုက်ပါလာသော တပ်မ ၅၅ မှ စစ်သား ၃ ဦးသည် သေနတ် ၃ လက် ယူဆောင်လာပြီး တောင်ပိုင်းတိုင်း၊ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသော စစ်သား ၃ ဦးကို တောင်ပိုင်းတိုင်း၊ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article