29.6 C
Yangon

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦး လှေ ၂ စီးဖြင့် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံထွက်ပြေးပြန်၊ ယခုမေလအတွင်း တတိယအသုတ်အဖြစ် ထွက်ပြေးလာသူ မြန်မာစစ်သား ၁၂၈ ဦးရှိနေပြီ

Must read

ရန်ကုန်၊ မေ ၆

ရခိုင်ပြည်နယ်တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသည် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံထွက် ပြေးသွားပြန်ပြီး ယခုမေလအတွင်း တတိယအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ မြန်မာစစ်သား ၁၂၈ ဦးရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများအရ သိရှိရသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၈၈ ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယမန်နေ့ နံနက်ပိုင်း ဝင်ရောက်ခဲ့ကြောင်း ၊မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လှေနှစ်စင်းဖြင့် နယ်စပ်ရှိ နတ်မြစ်ကို ဖြတ်ကာ ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ ခိုလှုံခွင့်တောင်းခံခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်ဖြုတ်သိမ်းကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေးရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အတည်ပြု ပြောဆိုခဲ့သည်။

မေလ ၃ ရက်နေ့ ညပိုင်းနှင့် မေလ ၄ ရက်နေ့ နံနက်ပိုင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးရောက်ရှိလာကြောင်း၊ ၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ယခုထွက်ပြေးရောက်ရှိလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦးမှာ တတိယအသုတ်ဖြစ်ပြီး ပထမအသုတ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဧပြီလ ၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာနိုင်ငံဘက်သို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ပို့ဆောင်ခဲ့ ပြီးဖြစ် ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article