29.6 C
Yangon

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတိုက်ပွဲတွင် အောင်ဇေယျစစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး‌ သေဆုံး

Must read

ရန်ကုန်၊ မေ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန် ထားသည်။

မေလ ၃ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ နိုင်ငံတော်အဆင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော တပ်ရင်းမှုးများ၊ တင့်ကားများနှင့် စစ်ကောင်၏ လက်အောက်ငယ်သားများမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းတို့အပါအဝင် အာဏာရှင်လူတစ်စုက ထိုးကျွေးနေခြင်းဖြစ်ပြီး ဒေါနတောင်သို့ ချီတက်ရာလမ်းတစ်လျှောက်တွင် အများအပြား သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးရဲဘော်များ အနေဖြင့် အာဏာရှင်လူတစ်စု၏ ထိုးကျွေးခံ စစ်သား များ ကို အစွမ်းကုန် ခုခံတော်လှန် တိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ဘေးအန္တာရာယ် ကင်း ရှင်း ရာအရပ်တွင် သတိပြုနေထိုင်ပေးကြပါရန် ကျားဖြူစစ်ကြောင်းက အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အောင်ဇေယျစစ်ကြောင်#ဒေါနတောင်ခြေတိုက်ပွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article