28 C
Yangon

မိတ္တီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်ကို စစ်တပ်က လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီး

Must read

ရန်ကုန်တွင် ဆန္ဒပြပြည်သူများကို စက်သေနတ်ဖြင့် ပစ်ခတ်သဖြတ်ခဲ့သူဖြစ်ပြီး လူမှုရေးကိစ္စ ရှုပ်ပွေ၍ စစ်တပ်တွင်း နာမည်ပျက်ရှိသူလည်းဖြစ်

ရန်ကုန်၊ မေ ၆

မန္တလေးတိုင်း၊ မိတ္တီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်ကို စစ်တပ်က လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၃ ရက်နေ့ ညပိုင်း စစ်ဖက်ရေးရာ ထောက်လှမ်းရေးတပ်ဖွဲ့များက အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူး ကြီး ညီညီမောင်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လတ်တလော သိရှိထားရရာတွင် ကျားဖြန့်ကိစ္စတွင် ပါဝင်ပတ်သက်ဆိုသော အမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်သော ဗိုလ်မှူးကြီးညီညီမောင်သည် ၂၀၂၁ ခုနှစ် တပ်မ ၇၇ ဗျူဟာမှူး ဖြစ်ခဲ့စဉ်က မြောက်ဥက္ကလာပတွင် ဆန္ဒပြပြည်သူများကို ကိုယ်တိုင် စက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်ကြောင်း သိရှိရသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်သူ ဗိုလ်မှူးကြီးညီညီမောင်သည် ရုရှားပြန်စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်သမျှ ကာလပတ်လုံး မိန်းမရှုပ်သူအဖြစ် နာမည်ကြီးသူလည်းဖြစ်သည်။

စစ်တက္ကသိုလ်ကျောင်းဆင်းပြီးချိန်တွင် KTV မှ အမျိုးသမီးနှင့် ပထမ အိမ်ထောင်ကျပြီး သမီးတစ်ဦး မွေးဖွားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှားသို့ ပညာတော်သင်သွားရပြီး မြန်မာပြည်ပြန်ရောက်ချိန် ပထမအိမ်ထောင်နှင့်ကွဲကာ စစ်တက္ကသိုလ်တွင် ဗိုလ်ကြီးရာထူးဖြင့် နည်းပြတာဝန်ထမ်းဆောင်သည်။

ထိုအချိန် စစ်တက္ကသိုလ် (ချယ်ရီရိပ်) လက်ဖက်ရည်ဆိုင်ပိုင်ရှင် သမီးအကြီးမနှင့်ငြိစွန်းခဲ့ပြီး ကိုယ်ဝန်ဖျက်ချဖြင့် တိုင်ကြားခံခဲ့ရသည်။ အဆိုပါ အမျိုးသမီးမှာ နောင်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်း ဗိုလ်မှူးဇော်ပိုင်၏ ဇနီးဖြစ်လာသည်။

ယင်းနောက် ဒုတိယအိမ်ထောင်အဖြစ် မီမီစံနှင့် အိမ်ထောင်ကျပြီး စစ်တက္ကသိုလ် စာပေ ၂ တွင် ဘောလုံးဒိုင်ကိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးရာထူးတိုးပြီး ၂၀၁၃ ခုနှစ်တွင် ဖာပွန် ခလရ ၁၉ သို့ ဒုတိယတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရသည်။ ထိုစဉ် ဒေသမှ အမျိုးသမီး ၁ဦးနှင့် ငြိစွန်းသဖြင့် တိုင်ကြားခံရကာ ငွေကြေးပေးလျှော်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် တောင်ငူ ခလရ ၂၆ သို့ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ရသည်။ တပ်ရင်းမှူးဘ၀တွင်လည်း ဒေသမှ အမျိုးသမီး တစ်ဦးနှင့် ထပ်မံ ငြိစွန်းခဲ့သဖြင့် ယင်းကိစ္စကို ဖြေရှင်းခဲ့ရသည်။

တပ်ရင်းမှူးဘ၀ မြ၀တီ- တောင်ငူ လိုင်စင်မဲ့ကားများ သယ်ယူခြင်း၊ ဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး တောင်ငူတွင် KTV မှ အမျိုးသမီးတစ်ဦးဖြင့် ငြိစွန်းသဖြင့် လျှော်ကြေးပေး ဖြေရှင်းခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင် ဗထူးသင်တန်းကျောင်းသို့ နည်းပြဖြင့် ပြောင်းရွှေ့ပြီး တပ်ရင်းမှူး သင်တန်းသားများထံမှ ငွေကြေး ကောက်ခံသဖြင့် ကျောင်းအုပ်ကြီး၏ သတိပေးမှု ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် တပ်မ ၇၇ ၏ဗျူဟာမှူးဖြစ်ခဲ့ပြီး ရန်ကုန်ရှိ စစ်အာဏာရှင်ကို ဆန္ဒပြသည့် အရေးအခင်းတွင် ပြည်သူများကို စက်သေနတ်ဖြင့် ကိုယ်တိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တပ်မ ၉၉ ၏ ဒုတိယတပ်မမှူးဖြစ်လာပြီးနောက် ယခု ၂၀၂၄ ခုနှစ်တွင် လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင် #ကျားဖြန့်ကိစ္စ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article