28 C
Yangon

ပေါက်မြို့နယ် ဆေးကြီးတောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆေးကြီးတောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ပေါက်မြို့နယ်၊ ဆေးကြီးတောင်ကို ယမန်နေ့ မေလ ၅ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ ည ၇ နာရီအချိန် Y12 လေယာဉ်ဖြင့်လည်းကောင်း စစ်ကောင်စီက PDF များ ရှိနေသည်ဆိုသော ယူဆချက်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေ မသိရှိရသေးဟု ဒေသပြည်သူများက ဆိုကြသည်။

“အကြောင်းမဲ့လာပစ်တာ။အဓိကတော့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက အဲဒီနေရာမှာ အခြေပြုထားတယ်ဆိုတဲ့သဘောကို ဒလန်က သတင်းပေးလိုက်ပုံရတယ်။တောင်ပေါ်မှာ ဒေသခံတော်လှန်ရေးအဖွဲ့တွေ နေတာလုံးဝမှမရှိပါဘူး။ထိခိုက်မှုကတော့ ဘာမှမသိရသေးဘူး “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဆေးကြီးတောင်သည် မကွေးတိုင်း ပေါက်မြို့နယ်နှင့် ထီးလင်းမြို့နယ် နှစ်ခုအကြားတွင်တည်ရှိပြီး သဘာဝတောတောင်များဖြင့် စိမ်းလန်းနေသော တောင်တောင်တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article