29 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်း ဟွန်ဆင် တောင်းဆို

Must read

ရန်ကုန်၊ မေ ၇

အကြမ်းဖက်စစ်ကောင်စီက မတရားအကျဉ်းချထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆင်က တောင်းဆိုလိုက်သည်။

ယနေ့ အကြမ်းဖက် မင်းအောင်လှိုင်နှင့် အွန်လိုင်းဗီဒီယိုမှတစ်ဆင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းတောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းဗီဒီယိုမှတစ်ဆင့် တွေ့ဆုံခွင့်ပေးရန် အကြမ်းဖက်မင်းအောင်လှိုင်ကို ထပ်မံ တောင်းဆိုကြောင်း၊ ထိုသို့ တွေ့ဆုံခွင့် ရရှိရေး အကြမ်းဖက်မင်းအောင်လှိုင်အနေဖြင့် စီစဉ်ပေးရန် ဟွန်ဆင်က တောင်းဆိုကြောင်း သိရှိရသည်။

ထို့ပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆင်က မြန်မာအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရေး အလွန်အရေး ကြီးကြောင်း ထောက်ပြ ပြောဆိုပြီး အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်ကလည်း အာဆီယံအစည်းအဝေးများသို့ ၎င်း၏ကိုယ် စားလှယ်ဆက်လက်စေလွှတ်မည်ဖြစ်ပြီး ဝန်ကြီးဟောင်း ဟွန်ဆင်၏ အဆိုပြုချက်များကိုလည်း စဉ်းစားသွားမည်ဖြစ်ကြောင်း၊ အဆိုပြုချက်များနှင့်ပတ်သက်၍ ကိုယ်စားလှယ် စေလွှတ်ပြီး ဆက်လက်ဆွေးနွေးမည်ဟု တုံ့ပြန်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၁၉ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ် ဝန်ကြီးချုပ်ဟွန်ဆင်က ကြိုဆိုနှုတ်ဆက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- EPA။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article