32 C
Yangon

ကျွန်းစုမြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသည့် မဲတောကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင် ကျော်မြင့် ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ မေ ၈

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုတွင် စစ်သားသစ် စုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်ကျော်မြင့်ကို တော် လှန်ရေးတပ်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ မီးသတ်တပ်ဖွဲ့ဝင်လည်းဖြစ်သူ ကျော် မြင့် ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ၊ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျော်မြင့်ထံမှ ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ၉ မမ ကျည် ၂၅ တောင့်၊ လက်ထိပ် ၁ ခု၊ ငွေသား ၃ သိန်း၊ ဖုန်း ၁ လုံး ၊ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပေးထားသည့် အုပ်ချုပ်ရေးမှူးကဒ်ပြား၊ မှတ်ပုံတင်၊ မီးသတ်တပ်ဖွဲ့ဝင် ကဒ်ပြား၊ သက်သေခံ စာရွက်စာတန်းများနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ ၊ပျူစောထီးများ၊ ကျေးရွာတာဝန်ခံ(ရာအိမ်မှူး) များ အနေဖြင့် စစ်ကောင်စီ၏ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်မှုထမ်းမဲများ ကောက်ယူပေးနေခြင်း ၊ ပြည် သူများအား ခြိမ်းခြောက် စစ်မှုထမ်းကြေးများ တောင်းခံခြင်း ၊ ပြည်သူများအား ပုံစံအမျိုးမျိုးတို့ဖြင့် ခြိမ်းခြောက်အနိုင်ကျင့် ပြုမူနေခြင်းများ လုံးဝ(လုံးဝ)ရပ်တန့်ကြရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့က သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မဲတောကျေးရွာ #အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင် ကျော်မြင့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article