29 C
Yangon

စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အထိ အမျိုးသားများအားလုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့် အပြီးပိတ်ပင်လိုက်ပြီး ကျန်အသက် အရွယ် အမျိုးသားများကိုမူ ပြည်ပအလုပ် လုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြု

Must read

ရန်ကုန်၊ မေ ၈

စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အထိ အမျိုးသားများအား လုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး ကျန်အသက်အရွယ် အမျိုးသားများကိုမူ ပြည်ပသို့ အလုပ်သွားရောက် လုပ်ခွင့် ယမန်နေ့မှစတင်၍ ပြန်လည်ခွင့်ပြုလိုက်ကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁ ရက်နေ့ကစ၍ ပြည်ပထွက်ခွာမည့် လူငယ်အမျိုးသားများကို ပြည်ပထွက်ခွင့် ယာယီပိတ် ပင်ခဲ့ ပြီးနောက် အသက် အပိုင်းအခြားဖြင့် ကန့်သတ်ကာ ပြန်လည်စေလွှတ်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပိတ်ပင်ခံ ရမှုကြောင့် အလုပ်ကိစ္စဖြင့် သွားရောက်မည့် လူငယ်များစွာ နစ်နာမည် ဖြစ်ပြီး အလည်ဗီဇာဖြင့် သွား ရောက်မည်သူများအနေဖြင့် အခြေအနေ မသိရသေး ကြောင်း Aung Myintmo Paing ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“သူတို့ဘက်က စာထုတ်တာ ဘာညာတော့ မရှိဘူး။အစကတည်း ယာယီခဏရပ်ခိုင်းထားတာပဲရှိ တယ်လေ။ အခုကျတော့ Name List တင်ထားတဲ့ ၊ စာချုပ် ချုပ်ဆိုခွင့်တွေတင်ထားတဲ့ Name List တွေကို ပြန်ပြီးတော့ ပြင်ဆင်ပေးပါပေါ့။ အသက် ၂၃ နှစ်အောက်နဲ့ အသက် ၃၁ နှစ်အထက်အမျိုးသားတွေကိုပဲ ပြန် တင်ပေးပါဆိုပြီးတော့ Email ဝင်လာတာ။ ကြားထဲက အသက် ၂၃ နှစ်ကနေ အသက် ၃၂ နှစ်အထိ အသက်အရွယ် အမျိုးသားတွေကတော့ အလုပ်ခေါ်စာ ကျထားပြီးရင်တောင် ပြည်ပအလုပ်အတွက် စာချုပ်ဆိုခွင့် မပေးတော့ဘူးပေါ့။ အဓိကသက်ရောက်မှုကတော့ PJ သမားတွေ သက်ရောက်မှာပေါ့။ PV တွေ အတွက် က တော့ အခြေအနေဘာမှ မပြောသေးဘူး” ဟု Aung Myintmo Paing ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ အသက်ကန့်သတ်ခံရမှုကြောင့် ပြည်ပသို့ အလုပ်လုပ်ခွင့် ခွင့်ပြုချက်ရရှိထားပြီးသား လူငယ်များ နစ်နာကာ ခွင့်ပြုချက် စာရင်းထဲမှ အသက် ၂၃ နှစ်မှ ၃၂ နှစ်အထိ အသက်အရွယ်လူငယ်များအားလုံးကို ပြန်လည်ပယ်ဖျက်ပေးရကြောင်း၊ ယခင်က ခွင့်ပြုမိန့်ကျပြီးသားသူများကို စာချုပ်ချုပ်ခွင့်ပေးမည်ဟု ပြောထားသော်လည်း ယခုအခါ အသက်ကန့်သတ်လိုက်သဖြင့် အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ် လူငယ်အားလုံး စာချုပ်ချုပ် ခွင့်မရဘဲ နစ်နာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီအနေနဲ့ကတော့ ပြန်ပြင်ဆင်ပေးစရာတွေမရှိသေးပါဘူး။ ဘာလို့ဆိုရင် Demand အသစ် တွေ ရပ်ထားတာဆိုတော့။ သူတို့ခွင့်ပြုပေးနေတာ ကတ်ဘိနက်ခွင့်ပြုမိန့်ကျထားပြီးသား Demand တွေ စာချုပ်ချုပ်ဆိုခွင့်ပြန်တောင်းတဲ့လူတွေပေါ့။ ဥပမာ ထိုင်းပေါ့။ သူတို့ဆိုရင် ၂၃ နှစ်အောက်ပေါ့။ ပြီးတော့ ၃၁ နှစ်အထက် အကုန်လုံး Name List တွေကို ပြန်ပြီးတော့ စိစစ်ရ တာပေါ့။ ခွင့်ပြုမိန့်ကျ ထား ပြီးသားကို အရင်ဆိုရင် အကုန်လုံးကို ချုပ်ဆိုခွင့်ပေးမယ်။ ကတ်ဘိနက်ကျထားပြီးသားတွေ အကျုံးမဝင်ဘူးပေါ့။ ကတ်ဘိနက်မကျထားသေးတဲ့ ဟာတွေကို သူတို့ခွင့်ပြုပေးမယ်ပြောထား ပြီး တော့ အခုကျတော့ အသက် အပိုင်းအခြားကန့်သတ်လိုက်တာပေါ့။ တင်ထားတဲ့ ခွင့်ပြုမိန့်ကျပြီး တော့ စာချုပ်ချုပ်ဆိုခွင့် တင်တဲ့ဟာတွေကို အသက်တွေ ပြန်ပြင်ခိုင်းတာပေါ့။ အဲဒီသူတို့ သတ်မှတ် ထားတဲ့ အသက်ထဲမှာ ပါဝင်နေတဲ့ သူတွေ ဆိုရင်တော့ ပြန်ဖြုတ်ပေးရတာပေါ့။ Name List ထဲက နေ။ အဲဒီလူတွေကို ချုပ်ဆိုခွင့်မပေးဘူးပေါ့။” Aung Myintmo Paing ပြည်ပအလုပ်အကိုင်အေဂျင်စီ မှ တာ ဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

အဆိုပါ ကန့်သတ်မှုနှင့်ပတ်သက်၍ အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း လူငယ်များနှင့် အသက် ၃၂ နှစ် အထက်အမျိုးသားများအားလုံး ပြည်ပသို့ အလုပ်ထွက် လုပ်ခွင့် ပြန်လည်ရရှိပြီး အသက် ၂၃ နှစ်မှ ၃၂ နှစ်ကြား လူငယ်များအားလုံး အလုပ်လုပ်ခွင့် ပိတ်ပင်ခံရကြောင်း Pyae Paing Hmuu ပြည်ပ အလုပ် အကိုင်အေဂျင်စီမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနသတင်းရင်းမြစ်ကမူ လတ်တလော နိုင်ငံ၏ အခြေအနေများအရ အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အထိ အမျိုး သားများအားလုံးကို ပြည်ပသို့ အလုပ်သွားရောက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားမှုမှာ အမြဲတမ်းသဘော ပိတ်ပင်ထားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဓာတ်ပုံ – ယမန်နှစ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် တန်းစီ တိုးဝှေ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နေ ကြသည့် ပြည်တွင်းမှ မြန်မာလူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် တန်းစီ တိုးဝှေ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နေ ကြသည့် ပြည်တွင်းမှ မြန်မာလူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article