32 C
Yangon

တန့်ဆည်တွင် စစ်တပ်က အထိုင်ဂိတ်စခန်းသစ်များ ချနေ၍ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီများ လိုအပ်

Must read

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က အထိုင်ဂိတ်စခန်းသစ်များ ချနေ၍ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၄ ရက်နေ့ မှစတင်ပြီး တန့်ဆည်မြို့ စစ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများသည် လမ်းဆုံ ရွှေကတော်နှင့် ကျွဲဆွဲရပ် ကွက် များတွင် ကင်းဂိတ်စခန်းများ အထိုင်ချလာသဖြင့် အနီးအနားမှ ကျေးရွာပေါင်း ၁၃ ရွာမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အရင်ကတည်းက စစ်ဘေးရှောင်နေရတဲ့ ရွာတွေက ရှိထားပြီး။ အခုက ထပ်ပြီး ပြည်သူ ၁ သောင်းကျော် ထွက်ပြေးရတာ။ လူတွေအတွက် စားနပ်ရိက္ခာ ၊ နွားတွေအတွက် အစာတွေ လိုနေတယ်။ စားဝတ်နေရေးအတွက် အကူအညီတွေတော့လိုနေတယ်။ ရေရှည်ဆိုရင် အားလုံးခက်ကုန်ကြမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က အထိုင်စခန်းအသစ်များ ပြောင်းရွှေ့လာ၍ ထွက်ပြေးနေရသည့် ကျေးရွာမှာ မှန်ကြိုင်၊ မှန်ရင်း၊ တောင်စွန်း၊ ပိန်းန္နဲကုန်း၊ သရက်ဂွ၊ အင်တိုင်း၊ တနယ်၊ ခပေါင်းကြိုင်၊ ရွှေကတော်၊ ကျွဲဆွဲ၊ ဆေးကြီးအနောက်၊ ဆေးကြီးနှင့် ရွာသစ်ကျေးရွာတို့ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်ကအထိုင်ဂိတ်စခန်းသစ်များချ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article