31 C
Yangon

NUG လူ့အခွင့်အရေးဝန်ကြီးနှင့် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

Must read

ရန်ကုန်၊မေ ၈

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြောင်း သိရှိရသည်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ Ms. Deborah (Deputy Secretary of Multilateral and Legal Affairs) အပါအဝင် မြန်မာ့အရေးဆောင်ရွက်နေသည့် တာဝန်ရှိသော အရေးကြီး ပုဂ္ဂိုလ်များနှင့် မေလ ၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် နယူးဇီလန်နိုင်ငံ၏ မူဝါဒ၊ လူသားချင်း စာနာထောက်ထားမှု အကူညီနှင့် နည်းပညာအကူညီများထောက်ပံ့ရေး၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် အရေးယူဆောင် ရွက်ချက်များ ပိုမိုထိရောက်အောင်မြင်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ Wellington မြို့ရှိ မြန်မာပြည်သူလူထုနှင့်လည်း မေလ ၇ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊ အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article