30 C
Yangon

မြိုင်မြို့နယ်တွင် PDF စခန်းနှင့်ကံသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂၆ ဦးကို ဖမ်းဆီးသွားသော စစ်တပ်စစ် ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်ကြောင်း ဆုတ်ခွာထွက်ပြေး

Must read

မြိုင်မြို့နယ်တွင် PDF စခန်းနှင့်ကံသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂၆ ဦးကို ဖမ်းဆီးသွားသော စစ်တပ်စစ် ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်ကြောင်း ဆုတ်ခွာထွက်ပြေး

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF စခန်းနှင့်ကံသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂၆ ဦးကို ဖမ်းဆီးသွားသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါ စစ်တပ်စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က မြိုင်မြို့နယ်တွင် PDF စခန်းတစ်ခုနှင့် ကံသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျေးရွာကိုမီးရှို့ပြီး ပြည်သူ ၂၆ ဦးကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း၊ ပြည်သူ့ပိုင် ပစ္စည်းများနှင့်ဆိုင်ကယ်များကို ခိုးယူသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းကို မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ကန်တော်ရွာနင့်ကံသစ်ရွာအကြားတွင်

မိုင်းသုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဒရုန်းဖြင့် ဗုံး အလုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၄ ဦးဒဏ်ရာရရှိပြီး ခိုးယူ လုယက်လာသော ကား၊ ဆိုင်ကယ်များနှင့်ပစ္စည်း များကို ယူဆောင်နိုင်ခြင်းမရှိတော့ဘဲ မီးရှို့ဖျက်ဆီးကာ ကန်တော်အထိုင်တပ်စခန်းအတွင်းသို့ ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ကန်တော်ရွာ အထိုင်တပ်စခန်းမှ တပ်မ ၁၀၁ သို့ စစ်ကား ၃ စီးဖြင့် ထပ်မံ ဆုတ်ခွာသွားကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကြောင့် ဆုတ်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်များထံမှ နင်းမိုင်း ၁ လုံး၊ G-3 ကျည် ၃၀ တောင့် ၊ ခွန်းဗုံးသီး ၂ လုံး၊ စစ်ဦးထုပ် ၁ လုံး၊ ဓာတ်မီး ၁ လက်၊ ဖုန်း ၂ လုံး၊ ၄၀ မမ ၁၄ လုံး၊ MA ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၅၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုတွင် မြိုင်ပကဖ နှင့် ကမ္မတပ်ပေါင်းစု (KGF)၊ ကမ္မတပ်ပေါင်းစု တပ်ခွဲ ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ PDF ကမ္မ တပ်ခွဲ ၁/၂/၃၊ တပ်ရင်း ၁၃ ၊ PKU ပကဖ၊ Pakokku People`s Defense Force ၊ The Red Revolvers၊ PKU Red Giant ၊ ကမ္မတပ်ပေါင်းစု၊ PKU Thurain ၊ DMG (ဓားမင်းကြီး)၊ Red Dragon၊ Black Cobra ၊ Kamma Underground ၊ Kamma People Defense Force (KMDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article