30 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀ ဝန်းကျင်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လူမိုက်များခေါ်၍ ဖျက် သိမ်းပေးရန် အတင်းအဓမ္မ ခြိမ်းခြောက်

Must read

မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀ ဝန်းကျင်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လူမိုက်များခေါ်၍ ဖျက် သိမ်းပေးရန် အတင်းအဓမ္မ ခြိမ်းခြောက်

■ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားစုဆောင်းရာတွင် မအောင်မမြင်ဖြစ်ရာမှ ရပ်ကွက်ကို ဖျက်သိမ်းခိုင်း

ရန်ကုန်၊ မေ ၉

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်စု ပုလဲ ၃ ရပ်ကွက် မြစပါယ်လမ်း ရဲတပ်ရင်း ၈ အနီးရှိ အိမ်ခြေ ၂၅၀ ဝန်းကျင်ကို စစ်ကောင်စီခန့် ရပ် ကွက် အုပ်ချုပ်ရေးမှူး တင်ထွန်းက မေလ ၁၀ ရက်နေ့ နောက်ဆုံးထား ဖျက် သိမ်းရန် ခြိမ်းခြောက်စာများ ပို့၍ ကြိမ်းမောင်းပြောဆိုနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

မေလ ၈ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး တင်ထွန်း ၊ ၎င်း၏ သားဖြစ်သူနှင့် အတူ လူမိုက်များ ခေါ်၍ အိမ်ကို ဖျက်သိမ်းရန် စာများ လိုက်လံ ဝေငှကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်များကို မဖျက်သိမ်းပါက စစ်တပ်ကို ခေါ်လာမည်ဟု ခြိမ်းခြောက်သွားကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။

“အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ဆိုသူက ငါရှိနေသရွှေ့ မင်းတို့ မရှိစေရဘူးလို့ ကြိမ်း မောင်း ဆဲဆို သွားပါတယ်။ လူမိုက်တွေပါ ခေါပြီး ကြိမ်းမောင်းတာပါ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နေအိမ်များကို အတင်းအကျပ် ဖျက်သိမ်းခိုင်းနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတင်ထွန်းသည် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားအဖြစ် စုဆောင်းရာတွင် မအောင်မမြင်ဖြစ်ပြီးနောက် ရပ်ကွက်ကို ဖျက်သိမ်းရန် ကြိုးပမ်းလာခြင်း ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်နေပြည်သူများမှာ ၂၀၁၀ ခုနှစ်ကတည်းက အဆိုပါနေရာတွင် အခြေချနေထိုင်ကြသူများဖြစ်ပြီး ကျူးကျော်သူများ မဟုတ်ဟု ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

ဓာတ်ပုံ- ယမန်နေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်ထွန်းနှင့်လူမိုက်များက ရပ်ကွက်ဖျက်သိမ်းရန် စာလိုက်လံဝေငှနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article