26 C
Yangon

ဆောမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာ ၁ ပါးအပါအဝင် ပြည်သူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရ

Must read

ဆောမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာ ၁ ပါးအပါအဝင် ပြည်သူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ ဆောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြည်ပန်းမလွန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်ရာ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ပြည်သူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်ပိုင်ရှင်များ အစည်းအဝေး ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင် ဘုန်းကြီး အပါ အဝင် ဒေသ ပြည်သူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းပေါ်တည့်တည့် ၃ ပတ်လောက် ဝဲပတ်ပြီး ဗုံးကျဲချတာဗျ။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ အကြောင်းမဲ့ကို ဗုံးကျဲချတာ။ တော်တော်ပြင်း ထန်တယ်။ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျပြီး ကျောင်းပြိုသွားတယ်၊ မီးလည်းလောင်သွားတယ်။ ထိတာအများကြီး၊ ဆရာဝန်အဖွဲ့တစ်ချို့လည်း သွားတယ်။ တချို့လည်း ကိုယ့်အစီအစဉ်နဲ့ကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ဆေးခန်း တွေ ဆီသွား တဲ့သူလည်းရှိတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိပြီး ဒဏ်ရာရလူနာများနှင့် ပြိုကျ သွားသော ဘုန်းကြီးကျောင်းကို ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ သေ ဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ အရေ အတွက် အတိအကျ မသိရသေးကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီလေတပ်၏ ဗုံးကျဲချမှု စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

FILE – Myanmar Air Force Jet fighters drop bombs during military exercises Friday, Feb. 2, 2018, in Ayeyarwaddy delta region, Myanmar. In a report released Thursday, Nov. 3, 2022, Amnesty International is urging suppliers of aviation fuel to Myanmar to suspend such shipments to prevent the military from using them to conduct air attacks on civilian targets as the number of bombings has increased. (Lynn Bo Bo/Pool via AP, File)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article