37 C
Yangon

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီးတွင် KIA နှင့်စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား

Must read

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီးတွင် KIA နှင့်စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ မေ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးတွင် ယနေ့ မွန်းလွဲပိုင်း KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးတွင် KIA တပ်များနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗလမင်းထင်တံတားဂိတ်ရှိ လုံခြုံရေးစစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်နက်ကြီး၊ လက်နက်ငယ် အသံတွေစုံနေတာပဲ။ မီးခိုးတွေလည်းမြင်ရတယ်။ တိုက်ပွဲတော့ ပြင်းထန်ပုံရတယ်။ လောလောဆယ်တော့ အဲဒီဘက်ကို ကားတွေ အသွားအလာ ခဏရပ်နေတယ်။ အခုတော့ အသံပြန်တိတ်သွားပြီ” ဟု မြစ်ကြီးနားမြို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် ဌာနဆိုင်ရာများက ဗလမင်းထင်တံတားတွင် ဂိတ်ချ၍ စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားမှုမှာ စစ်ကောင်စီ၏ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း၊ မြစ်ကြီးနားဘက်မှ စစ်ကားတချို့ ဗလမင်းထင်ဘက်သို့ ဆင်းသွားသည်ကို မြင်တွေ့ရကြောင်း မြစ်ကြီးနားမြို့မှ ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ယနေ့ မွန်းလွဲပိုင်း ဗလမင်းထင်တံတားအနီးတွင် တိုက်ပွဲ ဖြစ်ပွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article