37 C
Yangon

Khit Thit သတင်းဌာန၏ မေ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို တပ်သားသစ်အဖြစ် စစ်ကောင်စီ နဲ့ ARSA တပ်ဖွဲ့တွေ ပူးပေါင်း စုဆောင်းနေပြီး ရှေ့တန်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ အမေရိကန် USIP က ဒီကနေ့မှာပဲ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
  • တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အစပ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပွိုင့် ၁၀၂၀ စခန်းကုန်းကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၊ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်သားအများအပြား သေကုန်ကြတဲ့အပြင် ၊ ကစဉ့်ကလျားနဲ့ ထွက်းသွားကြတဲ့အတွက် လက်နက်တွေပါ သိမ်းဆည်းရရှိထားတယ်လို့ Black Cobra စစ်ကြောင်းဆီကနေ သိရပါတယ်။
  • မုံရွာမြို့နယ်၊တောပုကျေးရွာက ပျူစောထီးအမျိုးသမီးခေါင်းဆောင် အပါအဝင် ၃ ဦးကို အရှင် ဖမ်းဆီးရရှိထားပြီး ဥပဒေနဲ့အညီ တရားရုံးတင် အရေးယူမှာဖြစ်သလို ၊ သူတို့ဟာ ကျေးရွာတွေကို မီးရှို့လုယက်မှုတွေပါ ပါဝင်ခဲ့တယ်လို့လည်း ၃ ဦးလုံးက ဝန်ခံထွက်ဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article