28 C
Yangon

တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သူကို ရှာဖွေကာ လမ်းများပိတ်ဆို့ထား၊ စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ပြန်လည်ပစ်ခတ်

Must read

ရန်ကုန်၊ မေ ၁၀

ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကာ စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံး ပစ်ခတ်သူများကို ရှာဖွေကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တောင်ငူလေတပ်ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှော့တိုက်ဒုံးတချို့ တောင်ငူလေတပ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု အခြေအနေ မသိရှိရကြောင်း၊ လေတပ်အတွင်းမှ လက်နက်ကြီးများဖြင့် ရှော့တိုက်ဒုံးပစ်ခတ်သည့် နေရာများသို့ ပစ်ခတ်ခဲ့ပြီး စစ်ရဟတ်ယာဉ်များဖြင့် ချက်ချင်း ပျံသန်း ရှာဖွေခြင်း၊ လမ်းများပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အခုထက်ထိ လေတပ်ဘက်နားက လမ်းတွေပိတ်ထားတယ်။ ရှော့တိုက်ဒုံး ပစ်ပေမယ့် ကြီးကြီးမားမား ထိ၊ မထိ မသိရဘူး။ တောင်ငူလေတပ်ထဲကတော့ အခု မနက်အထိ တိုက်လေယာဉ် အတက်အဆင်းရှိတယ်။ ရဟတ်ယာဉ်တွေ တက်လာပြီး လေတပ်နားကိုလည်း ပတ်ပြီး ဝဲတာတွေတွေ့ရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက လေတပ်များကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပါက အချိန်တိုအတွင်း တန်ပြန် တိုက်ခိုက်ခြင်းနှင့် ပစ်ခတ်သူများကို ရှာဖွေရန် စစ်ဆင်ရေး ပုံစံမျိုး ချက်ချင်း လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ ရှော့တိုက်ဒုံးအပစ်ခံရသည်နှင့် လမ်းများပိတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေခြင်း၊ တန်ပြန်ပစ်ခတ်ခြင်း များ ဆောင်ရွက်ရန် လေ့ကျင့် ဇတ်တိုက်ထားမှုများ လည်းရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က​ ပြောဆိုသည်။

“လေတပ်မှန်သမျှက ရှော့တိုက်ဒုံးနဲ့ ခဏခဏ အပစ်ခံရတော့ ပစ်ခံရပြီဆိုတာနဲ့ ဘာလုပ်ရမယ်ဆိုတာမျိုး ညွှန်ကြားချက် နဲ့ တန်ပြန်စစ်ဆင်ရေးဟာတွေ ထုတ်ထားပြီ” ဟု လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – တောင်ငူလေတပ်မှတိုက်လေယာဉ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တောင်ငူလေတပ်မှတိုက်လေယာဉ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article