28 C
Yangon

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထိခိုက်ဒဏ်ရာရပြီး သေဆုံးသူများပြား

Must read

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထိခိုက်ဒဏ်ရာရပြီး သေဆုံးသူများပြား

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးထိခိုက်ဒဏ်ရာရပြီး သေဆုံးသူများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့တွင် စလင်းမြို့နယ်၊ ခင်ပလူရွာဘက်ကို အင်အား ၁၅၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလားသော စစ်သား၊ ရဲ နှင့် ပျုစောထီးများ ပါဝင်သည့် ပူပေါင်း စစ်ကြောင်းကို နံနက် ၁၁ နာရီခန့်တွင် ခင်ပလူရွာအနီး ပုသိမ်-မုံရွာ ကားလမ်းပိုင်းတွင် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ကင်းပုန်းက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခင်ပလူရွာထဲ၌ ဝင်ရောက် တပ်စွဲခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၈ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကြောင်းခွဲ၍ ငါးလှိုင်တွင်း မှော်ဘက်ကို တက်လာစဉ် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ခင်ပလူရွာ၌ ကျန်ရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မေလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးသူများပြားကြောင်း၊ ထို့ပြင် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ ရဲဘော် ၁ ဦးနှင့် ထောက်ပို့ ပြည်သူ ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေဆုံးမှု အရေအတွက် အတိအကျတော့ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးရှိတယ်လို့ သိရတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်၅တပ်ရင်း ၊ မင်းဘူးခရိုင်အမှတ်၁တပ်ရင်း ၊ စလင်းမြို့နယ်ပကဖအဖွဲ့၊ မိုးကြိုး​ပျောက်ကျားအဖွဲ့ ၊ သခင်ဖိုးလှကြီးလက်နက်ကြီးအဖွဲ့ ၊ ဒေါင်းစစ်အောင် Local PDF အဖွဲ့နှင့် SLN PDF အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ မန်ကျည်းကုန်းရွာရှိ နွားခြံနှင့် ဆိတ်ခြံ အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် နွား ၂ ကောင်နှင့် ဆိတ် ၁ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article