28 C
Yangon

ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ

Must read

ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ရန်ကုန်၊ မေ ၁၀

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည်

နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ အပါအဝင်ကော်မရှင်ဝင်များ နှင့် မေလ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်သူများဘက်မှ ရပ်တည်ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဘက်မှ ရပ်တည်ကာ စစ်တပ်၏ အကြမ်းဖက်မှုနှင့် ရက်စက်ယုတ်မာမှုများအား ရေငုံနှုတ်ပိတ်နေသည့် အတွက် အဆိုပါ လူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်များ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များမှ ထုတ်ပယ်ပစ်ရန်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အရပ်ဘက် လူမှု အဖွဲ့အစည်းများက လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရသို့ တင်သွင်းထားသော လူ့အခွင့်အရေးကော်မရှင် တရပ်ပေါ်ပေါက်လာပါက အသိအမှတ်ပြု၍ ပူးပေါင်းဆောင်ရွက်ရန်၊ပေါ်ပေါက်လာမည့် မြန်မာနိုင်ငံဆိုင်ရာ ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်သစ်အား နိုင်ငံတကာက အသိအမှတ်ပြုနိုင်ရေး တိုက်တွန်းပေးသွားရန် ဆွေးနွေးခဲ့ကြောင်း၊ နယူးဇီလန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကြုံတွေ့နေသည့် အခက်အခဲများအား ဖိတ်ခေါ်ကြားနာမှုများပြုလုပ်ရန် တင်ပြပြောဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article