25 C
Yangon

စစ်ကောင်စီကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို နယူးဇီလန်နိုင်ငံတွင် NUG ဝန်ကြီး ရှင်းလင်းပြောဆို

Must read

စစ်ကောင်စီကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို နယူးဇီလန်နိုင်ငံတွင် NUG ဝန်ကြီး ရှင်းလင်းပြောဆို

ရန်ကုန်၊ မေ ၁၁

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို နယူးဇီလန်နိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းလင်းပြောဆိုသည်။

မေလ ၉ ရက်နေ့ နယူးဇီလန်နိုင်ငံ၊ Fabian/Union Aid အဖွဲ့ နှင့် တွေ့ဆုံပွဲတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးတွင် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်နေသည့် အခြေအနေများအပါအဝင် မြန်မာ့အရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်နေသည့် ကြားကာဒေသန္တရအုပ်ချုပ်ရေး အခြေအနေများ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်မြေစိုးမိုးမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်မှု အခြေအနေများ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် အစီအမံများ၊ မူဝါဒ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကိုလည်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် Fabian/Union Aid မှ တာဝန်ရှိသူများ၊ မြန်မာ့အရေးစိတ်ဝင်စားပြီး နိုင်ငံတကာအရေးကို လုပ်ဆောင်နေသည့် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သံတမန်ဟောင်းများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

နယူးဇီလန် Fabian/Union Aid အဖွဲ့အစည်းသည် လူ့အခွင့်အရေး၊ နိုင်ငံတကာရေး၊နိုင်ငံခြားရေးရာများနှင့် ပတ်သက်သည့် မူဝါဒများအား အထူးပြု လေ့လာသည့် အဖွဲ့ဖြစ်ပြီး အခမ်းအနားကို Union Aid ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Ross Wilson ကအခမ်းအနားမှူးအဖြစ် လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article