25 C
Yangon

ကန့်ဘလူမြို့နယ်၊ မလည်ရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၁၄ လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ ရရှိ

Must read

ကန့်ဘလူမြို့နယ်၊ မလည်ရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၁၄ လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ ရရှိ

■ PDF ရဲဘော် ၁၀ ဦးကျဆုံးပြီး ပြည်သူ ၁ ဦးလည်း သေဆုံး

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၁၄ လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

မေလ ၇ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီ၊ ရဲ နှင့် ပျူစောထီးအဖွဲ့ အခြေချစခန်းကို ကန့်ဘလူခရိုင် တပ်ရင်း ၂၊ ၃၊ ရွှေဘိုခရိုင် တပ်ရင်း-၃၊ အမှတ် ၅၁၀ တပ်ရင်းတို့က တိုက်ခိုက်ခဲ့ပြီး ကန့်ဘလူမြို့နယ် ပကဖနှင့် ခင်ဦးမြို့နယ် ပလဖ တို့က ထောက်ပို့နှင့် ဖြတ်တောက်ရေး ပါဝင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်၏ လက်လုပ်သေနတ်အပါ လက်နက်ငယ် ၁၄ လက်၊ ကျည်မျိုးစုံ ၇၀၀ ကျော်၊ ကျည်အိမ် ၁၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၆ လုံး၊ Jammer ၁ ခု၊ Equipment ၄ ခု၊ Uniform ၃ စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စစစ်တပ်က လက်နက်ကြီး အလုံးရေ ၆၀ ကျော် လေကြောင်းဖြင့် ပစ်ခတ်မှု ၁၄ ကြိမ်၊ Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၆၀ ကျော် ကျဲချခဲ့ကြောင်း ၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား ၇၀ ခန့်မှလည်း ကျောက်လုံးကြီးရွာသို့ ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း PDF ရဲဘော် ၁၀ ဦး ကျဆုံးခဲ့ရကြောင်း၊ ပြည်သူ ၁ ဦးလည်း သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article