25 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီး၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီး၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာ ကိုပြောဆိုသည်။

မေလ ၁၀ ရက်နေ့ မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ ဒရုန်း များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးဗျ။ ဒီကောင်တွေက ကျနော်တို့ရွာဘက်တွေကို မကြာခဏ ဆိုသိလို လက်နက်ကြီးတွေနဲ့ထုတယ်။ ဒီတခါတော့ ဒရုန်း တွေရောပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ။ ပြည်သူတွေ ရှောင်နေရတုန်း။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေက ပေါက်ကွဲအားကပြင်းတယ် သူတို့ထုတဲ့အလုံးတွေက” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပလောင်ရွာနေ အမျိုးသား ၁ ဦးဝမ်းဗိုက်တွင် မစိုးရိမ်ရ ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးကာ လက်ရှိချိန်ထိ ပြည်သူ ၂၀၀၀ ခန့် ထွက်ပြေးရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article