30 C
Yangon

ကရင်နီပြည်တွင် KNDF ဗျူဟာ ၇ ၊ အမှတ် ၂၈ တပ်ရင်းတစ်ခု တိုးချဲ့ဖွဲ့စည်း

Must read

ကရင်နီပြည်တွင် KNDF ဗျူဟာ ၇ ၊ အမှတ် ၂၈ တပ်ရင်းတစ်ခု တိုးချဲ့ဖွဲ့စည်း

ရန်ကုန်၊ မေ ၁၂

ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့၊ ဗျူဟာ အမှတ် ၇ တွင် အမှတ် ၂၈ တပ်ရင်း (KNDF/B-28) တစ်ခုကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မေလ ၂ ရက် နေ့က စစ်သင်တန်းဆင်း ရဲဘော်၊ ရဲမေများ၊ နွေဦးတော် လှန်ရေး အစ ကာလတွင် စစ် ရေး တာဝန်ထမ်းဆောင်လိုသော ရဲဘော်၊ ရဲမေများ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNDF တပ် ရင်း ၂၈ တွင် နွေဦးတော် လှန်ရေးကာအစ တာဝန်ထမ်းဆောင်ခွင့် မရရှိခဲ့သည့် ရဲဘော်၊ ရဲမေ ၇၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း၊ KNDF B -28 တပ်ရင်းအနေဖြင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦးစီဌာန၏ စစ်ရေး၊ နိုင်ငံရေးလမ်း ညွှန်မှုကိုခံယူပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက် တွန်းလှန် သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၈ – KNDF/B-28 သည် စတင်တည်ထောင် သည့် တပ်ရင်းအသစ်ဖြစ်သဖြင့် လိုအပ်ချက်များစွာ ရှိနေသောကြောင့် ပြည်သူများအနေဖြင့် နိုင်သည့်ဘက်မှ ကူညီအားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အာဏာရှင်စနစ်ကို အမြစ်ပြတ် သည် အထိ ခုခံတွန်းလှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂၈ တပ်ရင်း KNDF B -28 ရဲဘော်များက ကတိသစ္စာပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article