25 C
Yangon

မြင်းမူ၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၂ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်အုပ်စုက ကျူးလွန်ထားသည့် ရာဇဝတ်မှုများ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ အရေးယူပေးရန် NUG အစိုးရ တိုက်တွန်း

Must read

မြင်းမူ၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၂ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်အုပ်စုက ကျူးလွန်ထားသည့် ရာဇဝတ်မှုများ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ အရေးယူပေးရန် NUG အစိုးရ တိုက်တွန်း

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၂ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်ထားသည့် ရာဇဝတ်မှုများ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ အရေးယူပေးရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ မေလ ၁၂ ရက်နေ့တွင် တိုက်တွန်း ထုတ်ပြန်ထားသည်။

မေလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်က မြင်းမူမြို့နယ်၊ ဂွေးပင်တောဘုန်းကြီးကျောင်း၌ တပ်စွဲထားသော ခြေမြန်တပ်မဌာနချုပ် ၃၃ လက်အောက်ခံ အမှတ် ၁၃ ခြေမြန်တပ်ရင်း၊ အမှတ် ၉၀၉ စစ်မြေပြင် အင် ဂျင်နီယာတပ်ရင်း၊ အမှတ် ၉၂၉ ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ် အင်အားစုစုပေါင်း ၇၀ ခန့်သည် မြင်းမူမြို့နယ်၊ လက် ထုတ္တော ကျေးရွာအတွင်းသို့ ပိတ်ဆို့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ဘုန်းကြီး ကျောင်း အတွင်း ဝင်ရောက်ပုန်းခိုနေသော ပြည်သူအမျိုးသားများကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ အကြမ်းဖက်စစ်သားများ ပစ်ခတ်ဝင်ရောက်စဉ် ပြည်သူ ၆ ဦးနေရာမှာပင်သေဆုံးပြီး၊ ဘုန်းကြီး ကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ပုန်းခိုလျက်ရှိသော အရပ်သားပြည်သူများကို ဖမ်းဆီး၍ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ် ခဲ့ကြောင်း၊ သေဆုံးသူများမှာ အသက် ၁၅ နှစ်မှ ၆၀ အတွင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ပြည်သူ ၁၇ ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံး ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၃၂ ဦးအထိ ရှိပြီဖြစ်ကြောင်း၊ ထို့ ပြင် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့များသည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ် သားပြည်သူ ၂၀ ကျော်ခန့်ကို ကျေးရွာမှ ၂ မိုင်ကျော် ကွာဝေးသည့် ဂွေးပင်တောရွာ ဘုန်းကြီးကျောင်း သို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူပိုင် အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်များအားလုံး မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့သည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ ကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိပြီး အရပ်သားများကို ပစ် မှတ်ထား တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိရာ ထိုသို့ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ယုတ်မာရက်စက်သည့် ကျူးလွန်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အစိုး ရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကျူးလွန်မှု နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကောက်ယူမှတ်တမ်းတင်ထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် အ တွက် ဖြစ်နိုင်သမျှ တရားစီရင်ရေး ယန္တရားများမှတဆင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့သည် ၎င်းတို့၏ ထပ်ခါတလဲလဲ ကျူးလွန်မှုများအတွက် ယခုအချိန်အထိ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနေဖြင့် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article