25 C
Yangon

သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် စစ်တပ်က မြို့အဝင်အထွက်များကို စစ်ဆေးနေ၊ ဓားပြ တိုက်ခံရသော ရွှေဆိုင် ၃ ဆိုင်ထိရှိလာပြီး တရားခံများကို ဖမ်းမမိသေး

Must read

သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် စစ်တပ်က မြို့အဝင်အထွက်များကို စစ်ဆေးနေ၊ ဓားပြ တိုက်ခံရသော ရွှေဆိုင် ၃ ဆိုင်ထိရှိလာပြီး တရားခံများကို ဖမ်းမမိသေး

ရန်ကုန်၊ မေ ၁၂

ရှမ်းပြည်နယ်၊ သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့အဝင်အထွက်များကို စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင်ကို သေနတ် ကိုင်ဆောင်ထားသူများက ဝင်ရောက်လာပြီး ရွှေကောင်တာထဲမှ ရွှေဗန်း ၄ ဗန်းခန့် ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။

“သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်က ရွှေချိန်ခွင်ရွှေဆိုင် ဒီနေ့ ၁၁ နာရီကျော်လောက်က ဓားပြတိုက်ခံရပြီး ရွှေကောင်တာထဲက ရွှေဗန်း ၄ ဗန်းပါသွားပါတယ်။ အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ထိ သီပေါမြို့ထဲ ရွှေဆိုင်ဓားပြတိုက်ခံရတာ

၃ ဆိုင်အထိရှိနေပါပြီ တရားခံတွေ မိတယ်လို့လည်းမကြားပါဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုသို့ ဓားပြတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွှေချိန်ခွင် ရွှေဆိုင်ကို ရောက်ရှိလာပြီး ဓာတ်ပုံရိုက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး မြို့အဝင်အထွက်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ယခင် နန်းလှယဉ်ရွှေဆိုင်နဲ့ ရီရှင်းဆိုင် ဓားပြတိုက်ခံရတုန်းကလည်း မြို့အဝင် မြို့အထွက်တွေကိုစစ်ဆေးပါတယ်။ ဖမ်းမိတယ်လို့တော့ မရှိခဲ့ပါဘူး”ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article