25 C
Yangon

ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများထဲမှ ၄၁ ဦးကို ပြန်လည် လွှတ်ပေး

Must read

ရန်ကုန်၊ မေ ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများထဲမှ ၄၁ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း MNDAA က တရားဝင်သတင်းထုတ်ပြန်သည်။

MNDAA က ပြန်လည်လွှတ်ပေးသူများတွင် ကျန်းမာရေးမကောင်းသူများ၊ ဒဏ်ရာရရှိထားသူများ၊ ခြေလက်အင်္ဂါဆုံးရှုံးထားသူများ၊ အသက်ကြီးသူများပါဝင်ကြောင်း သိရှိရသည်။

မေလ ၁၀ ရက်နေ့ စစ်သုံ့ပန်း ၄၁ ဦးကို MNDAA မှ တာဝန်ရှိသူများက လမ်းစရိတ်များပေးအပ်၍ အားပေးစကားများ ပြောကြားကာ ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article