25 C
Yangon

ဘူးသီးတောင်တွင် စစ်တပ်က ညအချိန် လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ရင်း ၂ ခုကို AA က သိမ်းပိုက်ရရှိဟုဆို

Must read

ရန်ကုန်၊ မေ ၁၃

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အနီးပတ်ဝန်းကျင်ကို မေလ ၁၂ ရက်နေ့ ညပိုင်း စစ်တပ်က ညအချိန် လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ရင်း ၂ ခုကို AA က သိမ်းပိုက်ရရှိသွားပြီဆိုသော သတင်းများ ထွက်ပေါ်လာကြောင်း ရခိုင်ဒေသမှ စစ်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ခမရ ၃၄၅ နဲ့ ၃၅၂ ကို AA က သိမ်းလိုက်ပြီလို့ သိရတယ်။ အဲဒါကြောင့် စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ဆက်တိုက်ကျဲတယ်။ ဒုက္ခသည်တွေတွေလည်း အတော်များတယ်။ ပြေးနေရတာ။ ၁ သောင်းလောက် ထွက်ပြေးနေရတာ” ဟု ရခိုင်ဒေသမှ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

မေလ ၁၂ ရက်နေ့ညပိုင်း မှော်ဘီလေတပ်၊ မကွေးလေတပ်နှင့် တံတားဦးလေတပ်တို့မှ တိုက်လေယာဉ်များ၊ Y12 လေယာဉ်များက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းတွင် ဗုံးကျဲပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်းဌာနချုပ် တပ်ရင်းနှင့်ဌာနချုပ် ၁၂ ခုအနက်မှ တပ်ရင်းတပ်ဖွဲ့ နှင့် ဌာနချုပ် ၅ ခကို မတ်လ ၂၅ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်ရှိတွင် ခမရ ၃၄၅ နှင့် ခမရ ၃၅၂ တို့ကို သိမ်းပိုက်လိုက်ရာ AA က သိမ်းပိုက်ထားသော တပ်ရင်းတပ်ဖွဲ့ ၇ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

ဘူးသီးတောင်တွင် “စကခ ၁၅ ဘူးသီးတောင်”လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ ၃၄၅ ၊ ခမရ ၃၅၂ ၊ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၅၅၁ ၊ ခမရ ၅၅၂ ၊ ခမရ ၅၆၄ ၊ ခမရ ၅၆၅ တပ်ရင်းများနှင့် “ဘူးသီးတောင် ဗျူ ဟာ” လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ ၂၃၃ ၊ ခလရ ၂၃၄ ၊ ခလရ ၂၆၃ နှင့် အမတ ၃၇၈ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၂ ခုရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် နေအိမ်တချို့ မီးလောင်နေစဉ်။

Photo- APM

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် နေအိမ်တချို့ မီးလောင်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article