25 C
Yangon

ဘုရာသုံးဆူတိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်များကို ထိန်းချုပ်ရန် ထိုင်းဝန်ကြီးချုပ်ပြောဆို

Must read

ရန်ကုန်၊ မေ ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ကို ထိန်းချုပ်ရန် ထိုင်းဝန်ကြီးချုပ် Srettha Thavision က ပြောဆိုလိုက်သည်။

မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် ဘုရားသုံးဆူမြို့နယ်တွင် ဗုံးပေါက်ကွဲသံများ ၊ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း ၊ BGF တပ်ဖွဲ့ဝင်တချို့နှင့် KNLA တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၁၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် Srettha Thavision က ဘုရားသုံးဆူမြို့နှင့်ကပ်လျက် ကန်ချနပူရီသို့ လာရောက်ပြီး အခြေအနေများကို စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်၊ စစ်တပ်၏စွမ်းရည်ကို တိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအကြားတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးရန် တက်ကြွစွာ ပြင်ဆင်နေကြောင်း ၊ လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် ကန်ချနပူရီတွင် ဒုက္ခသည် ၅,၀၀၀ အထိ လက်ခံထားရှိနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ကန်ချနပူရီခရိုင် အမှတ် ၉ ခြေလျင်တပ်ရင်းသို့ ထိုင်းဝန်ကြီးချုပ်လာရောက်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ နယ်စပ်ကိုပိတ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ကြောင်း၊ နယ်ခြားစောင့်တပ်နှင့် နယ်မြေခံတပ်မှူးများက နယ်စပ်ဂိတ် ပိတ်ရန် အဆိုပြုချက်များနှင့်နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ရန် နယ်ခြားစောင့်တပ်များ၏ အစီရင်ခံစာများ လက်ခံရရှိထားကြောင်း ဆိုသည်။

“ပြဿနာတွေက လုံခြုံရေးကို ကျော်လွန်ပြီး ကုန်ပစ္စည်းအတုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလိုမျိုး ပြဿနာတွေရှိနေတယ်။ တရားမဝင် ကုန် သွယ်ရေးတွေကို နှိမ်နင်းဖို့ ဒရုန်းတွေနဲ့ ဓာတ်မှန်စက်တွေလို နည်းပညာတွေကို အသုံးပြုဖို့ လုပ်ဆောင်နေပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article