25 C
Yangon

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နောင်ရင်းရွာသူကြီး ခွန်ဇာခွန်ကို သတ်ဖြတ်ပြီးနောက် ခွန်ဇာခွန်မိသားစုပိုင်ကုန်တင်ကားကိုပါ သိမ်းဆည်း

Must read

ရန်ကုန်၊ မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီးလယ်အဖွဲ့က နောင်ရင်းကျေးရွာ၏ ရွာသူကြီးဖြစ်သူခွန်ဇာခွန် နှင် ခွန်ဇာခွန်၏ ညီဖြစ်သူ ခွန်ပလွန်ကို သတ်ဖြတ်ပြီးနောက် ခွန်ဇာခွန်မိသားစုပိုင်ဆိုင်သည့် ကုန်တင်ကားကိုလည်း မေလ ၁၁ ရက်ညပိုင်းတွင် ထပ်မံလာရောက် သိမ်းဆည်းသွားခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ယင်းသို ခွန်ဇာခွန်၏ ကားကို လာရောက်သိမ်းဆည်းသည့်အချိန်တွင် ခွန်ဇာခွန်သည် စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ်(PNLO) ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ သိမ်းယူသွားခြင်းဖြစ်ကြောင်း၊ ခွန်ဇာခွန်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၏ အဖွဲဝင် / တပ်ဖွဲဝင်လည်းမဟုတ်သကဲ့သို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO) နှင့် မည်သည့် ပတ်သက်မှုမှလည်း မရှိကြောင်း PNLA က ပြောဆိုသည်။

ခွန်ဇာခွန် သည် နောင်ရင်းကျေးရွာပြည်သူများ အားကိုးအားထားပြုရသည့် လူငယ်တဦးဖြစ်ခြင်းကြောင့် နောင်ရင်းကျေးရွာပြည်သူများက ရွာသူကြီးအဖြစ် တင်မြောက်ထားသူဖြစ်ကြောင်း၊ ခွန်ဇာခွန်သည် ရပ်ရွာအတွင်း လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိစေရေး ၊ ရပ်ရွာတိုးတက်ရေး၊ စစ်ဘေးရှောင်များအား အကူအညီပေးရေးတိုကို ဦးဆောင်နေသည့် ကျေးရွာခေါင်းဆောင် ရွာသူကြီးတဦးဖြစ်ကြောင်း သိရှိရသည်။

ပအိုဝ်းဒေသတွင် ကျေးရွာ ရွာသူကြီးများကို ဒီမိုကရေစီနည်းကျကျ ရွာသူရွာသားများက ဆန္ဒမဲပေးကာ ရွေးချယ်သည့် စနစ်ဖြင့် တင်မြောက်ကြရသည်ဖြစ်ရာ ရွာသူကြီးကို သတ်ဖြတ်ခြင်းသည် ပြည်သူလူထု၏ မဲဆန္ဒကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မစော်ကားသည့် အာဏာရှင်လုပ်ရပ်များပင်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲသည် ခွန်ဇာခွန်၏ ကားကို လာရောက်သိမ်းယူသည့်အချိန်တွင် အရက်သေစာ သောက်စားမူးရူးထားကြပြီး အမျိုးသမီးများသာ ကျန်ရှိသည့် နေအိမ်ပေါ်သို့ တက်ရောက်ကာ ခွန်ဇာခွန်၏ မိသားစုဝင်များကို ဆဲဆိုခြိမ်းခြောက်ပြီး ကားကိုသိမ်းယူသွားကြခြင်းဖြစ်ကြောင်း သိရှိရသည်

နောင်ရင်းရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်ကို မေလ ၉ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာအတွက် ဆွေးနွေးစရာရှိသည်ဟု လိမ်လည်ခေါ်ဆိုကာ ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ်ထားသော နောင်ရင်းရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်တို့၏ အလောင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ်ထားသော နောင်ရင်းရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်တို့၏ အလောင်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article