25 C
Yangon

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မှ ရိုဟင်ဂျာ ၇၀၀၀ ခန့် AA ထိန်းချုပ်နယ်မြေထဲသို့ ဝင်ရောက် ခိုလှုံ

Must read

ရန်ကုန်၊ မေ ၁၃

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မှ ရိုဟင်ဂျာ ၇၀၀၀ ခန့်က AA ထိန်းချုပ်နယ်မြေထဲသို့ ဝင်ရောက် ခိုလှုံလာကြောင်း မေလ ၁၃ ရက်နေ့တွင် AA ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က သတင်းထုတ်ပြန်သည်။

မေလ ၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနား၊ လက်သာ‌ကျေးရွာတို့မှ ရိုဟင်ဂျာပြည်သူ ၇၀၀၀ ခန့်က AA အာရက္ခတပ်တော်၏ ထိန်းချုပ်နယ်မြေထဲသို့ ဝင်ရောက်ခိုလှုံလာကြောင်း၊ AA က မိမိတို့နယ်မြေထဲသို့ ခိုလှုံလာသူများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ အကာအကွယ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများမှ မွတ်စလင်တချို့သည် အကြမ်းဖက်စစ်ကောင်စီ ၏ ထိန်းချုပ်ထားသော ဘူးသီးတောင်မြို့နယ် စစ်ကောင်စီ နခခ ၈ တပ်ရင်းသို ဝင်ရောက်သွားခဲ့မှုများလည်းရှိကြောင်း AA ၏ HDCO ရုံးက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article