25 C
Yangon

ချောင်းဦး- မုံရွာ လမ်းပိုင်းတွင် စစ်တပ်၏ တွဲကား ၈ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ မေ ၁၃

စစ်ကိုင်းတိုင်း၊ ချောင်းဦး- မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တွဲကား ၈ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း Golden Target Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရိက္ခာဖြည့်တင်းရန်လာသည့် အကြမ်းဖက် စစ်တပ်၏ တွဲကား ၈ စီးပါ ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းများဖြင့် ၃ စီးမြောက်ကားကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံး အများအပြားပါပဲ။ ကားထိုးရပ်သွားတဲ့အချိန်မှာ ပဒေသာတစ်ပွိုင့် ထပ်ဆွဲလိုက်သေးတယ်။ အတိအကျကိုတော့စုံစမ်းဆဲပါ”ဟု Golden Target Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှုများ ရှိသော်လည်း ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article