25 C
Yangon

ပခုက္ကူမြို့နယ်ရှိ စစ်တပ်၏ ကျပ်ထိုးစခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကျပ်ထိုးစခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Joအker ပြောက်ကျားတပ်ဖွဲ့ (M.Y.G) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှ ည ၁၀ နာရီ ၃၀ မိနစ်ခန့် အထိ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကျပ်ထိုးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့တွင် ရေကြည်ရွာနှင့် ချိုင်ရွာကို အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ချိုင်ရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျပ်ထိုးစခန်းကို ရိက္ခာပို့ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ​ရေကြည်ရွာနှင့် ချိုင်ရွာမှ ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးကာ အင်္ကျီ အဖြူရောင်များ ဝတ်ဆင်ခိုင်ပြီး ကျပ်ထိုးစခန်းကို ဆိုင်ကယ်ဖြင့် ရိက္ခာများ ပို့ဆောင်ခိုင်းကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချိုင်ရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ခိုးယူ သွားကြောင်း သိရသည်။

“ကျွန်တော်တို့က ၁၁ ရက်နေ့ ညနေက စတိုက်တာ၊ သတင်းက တစ်ဖြတ်တဖြတ်လေးပဲ သိနေရတယ်။ ခွေးတစ်ကောင် ပေါင်ပြတ်၊ နှစ်ကောင်ဒဏ်ရာရတယ်။ အဲဒါပဲသိရပြီး နောက်တစ်နေ့မနက်ကျတော့ ပေါင်ပြတ်တဲ့ကောင်သေတယ်။ အခုတော့ ချိုင်ရွာကိုလည်း ရှင်းလင်းရေးဝင်ပြီးပါပြီ။ ခွေးတွေက ဖလံအိုဘက်ကို ရောက်သွားပြီဆိုတော့။ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ ထိခိုက်ထားတဲ့သွေးအိုင်တွေ၊ ခိုးအောင်ထားတဲ့နေရာတွေတွေ့တယ်။ ပြည်သူ ၃၀ လောက်ကို ဓားစာခံဖမ်းလာတာရှိတယ်။ ကျနော်တို့ ဗုံးသီးချတဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ ၁၅ ဦးလောက်ရှိတယ်။ အဲဒီ ၁၅ ဦးတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီရောက်လာပြီ။ သူတို့နဲ့ စကားပြောကြည့်တဲ့ အ ချိန် မှာ အဲဒီမှာသတင်းတွေထပ်ရတယ်။ ခွေး ၆ ကောင်သေတယ်။ ၁၂ ကောင်ထိခိုက်ဒဏ်ရာရတယ် လို့ သတင်းထပ်ရတာဖြစ်တယ်။ ပြည်သူတွေက ရေကြည်ရွာနဲ့ ချိုင်ရွာက ပြည်သူတွေဖမ်းခံရတာလို့ သိရတယ်” ဟု Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ Joker ပြောက်ကျားတပ်ဖွဲ့ (M.Y.G) ၊ ဒို့ညီနောင် ပြောက်ကျားတပ်ဖွဲ့ ((M.Y.G) ၊ P.D.F KAMMA (တပ်ပေါင်းစု) ၊ ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း ၃ နှင့် ဧရာဒေါင်း အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article