25 C
Yangon

ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အ၀ ပါဝင်ခွင့်ပြုရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ မဲခွဲဆုံးဖြတ်မှုတွင် မြန်မာက ထောက်ခံမဲပေး

Must read

ရန်ကုန်၊ မေ ၁၃

အရှေ့အလယ်ပိုင်းဒေသရှိ ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အ၀ ပါဝင်ခွင့်ပြုရေးနှင့် အသိအမှတ်ပြု လက်ခံရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ မဲခွဲဆုံးဖြတ်မှုတွင် မြန် မာနိုင်ငံကိုယ်စားပြု၍ NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကုလသမဂ္ဂမှ လာသော သတင်းများအရ သိရှိရသည်။

မေလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၏ မဲခွဲဆုံးဖြတ်မှုတွင် ပါလက်စတိုင်းကို ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အသိ အမှတ် ပြုရေး အဆိုပြုချက်ကို နိုင်ငံပေါင်း ၁၄၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အပြည့်အ၀ အသိအမှတ်ပြုရေး အဆို အနိုင်ရရှိပြီးနောက် ပါလက်စတိုင်းကို ၁၉၄ ခုမြောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး ပြန်လည်သုံးသပ်ရန် လုံခြုံရေးကောင်စီထံသို့ ကုလသမဂ္ဂအထွေထွေညီလာခံက တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အပြည့်အ၀ အသိအမှတ်ပြုရေး မဲခွဲဆုံးဖြတ်ရာတွင် ထောက် ခံခဲ့သည့် နိုင်ငံပေါင်း ၁၄၃ နိုင်ငံတွင် မြန်မာနိုင်ငံကလည်း ထောက်ခံသော နိုင်ငံအဖြစ် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သဘောမတူသည့် နိုင်ငံ ၉ နိုင်ငံတွင် အစ္စရေး၊ အာဂျင်တီးနား၊ ချက်ချီးယား၊ ဟန်ဂေရီ၊ မိုက်ခရိုနီးရှား၊ Nauru ၊ Palau ၊ Papua New Guinea ၊အမေရိကန်တို့က ဆန့်ကျင်ကြောင်း မဲပေးခဲ့ကြကြောင်း၊ နိုင်ငံပေါင်း ၂၅ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြကြောင်း သိရှိရသည်။

ပါလက်စတိုင်း ၁ ဒသမ ၃ သန်းခန့် ခိုလှုံရန် ကြိုးပမ်းနေသည့် တောင်ပိုင်းမြို့ဖြစ်သည့် Rafah တွင် အစ္စရေး၏ ထိုးစစ်ဆင်မှုကြောင့် နိုင်ငံအများအပြားက ဒေါသထွက်နေကြပြီး ကုလသမဂ္ဂတွင် ပါလက်စတိုင်းအဖွဲ့ဝင် အပြည့်အ၀ ပါဝင်ခွင့်ရရှိရေးအတွက် ကျယ်ပြန့်သော ထောက်ခံမှုကို ပြသခဲ့ကြခြင်းဖြစ်သည်ဟု ကုလသမဂ္ဂမှ လာသော သတင်းများက ရေးသားကြသည်။

မေလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၏ မဲခွဲဆုံးဖြတ်ချက်သည် ပါလက်စတိုင်းကို အခွင့်အရေးများနှင့် အခွင့် အရေးအသစ်များ ပေးထားသော်လည်း လက်ရှိတွင် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် ပါလက်စတိုင်းအနေဖြင့် အပြည့် အ၀ရရှိဦးမည်မဟုတ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ သို့မဟုတ် ၎င်း၏ ညီလာခံများတွင် မဲပေးပိုင်ခွင့်မရှိသော အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ်သာ ပါလက်စတိုင်းက ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မေလ ၂ ရက်နေ့ ၇၈ ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၏ ငြိမ်း ချမ်းရေး ယဉ်ကျေးမှုဆိုင်ရာ အစည်းအဝေး တက်ရောက်နေသော NUG သံအမတ်ကြီး ဦးကျော်မိုးထွန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article