25 C
Yangon

မံစီမြို့ ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး မိုးမောက်နှင့်မံစီရှိ စစ်တပ်၏ တပ်ရင်း ၃ ခုကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

Must read

မံစီမြို့ ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး မိုးမောက်နှင့်မံစီရှိ စစ်တပ်၏ တပ်ရင်း ၃ ခုကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ မေ ၁၃

ကချင်ပြည်နယ်၊ မံစီမြို့ ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး မိုးမောက်မြို့နယ်နှင့်မံစီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၃ ခုကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ မံစီမြို့ရှိ ရဲစခန်း၊ ခမရ-၆၀၁ တပ်ရင်း၊ ခမရ-၃၁၉ တပ်ရင်းနှင့် မိုးမောက်မြို့ရှိ ခမရ-၄၃၇ တပ်ရင်း တို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်းလွဲ ၃ နာရီ ကျော်ခန့်တွင် KIA ပူးပေါင်း တပ်ဖွဲ့များက မံစီမြို့ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်း၊ ခမရ-၆၀၁ တပ်ရင်း၊ ခမရ-၃၁၉ တပ်ရင်းနှင့် ခမရ-၄၃၇ တပ်ရင်းတို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကာ အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့်

ဗုံးကျဲ၍ ခုခံတိုက်ခိုက်နေခြင်းကြောင်း သိရှိရသည်။

မံစီမြို့တွင် မေလ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ကာ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး KIA ပူးပေါင်း တပ်ဖွဲ့များက ယနေ့ မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စခန်းနှင့် တပ်ရင်းများကို စတင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article