25 C
Yangon

မံစီမြို့နှင့် မိုးမောက်မြို့တို့ကို KIA ဦးဆောင်သော ပူးပေါင်း တပ်များက တိုက်ခိုက်ထိန်းချုပ်လိုက်ပြီး ကျန်ရှိနေသောစစ်တပ်တပ်ရင်းများကို အပြင်းအထန် ထိုးစစ်ဆင်နေ၊ စစ်ကောင်စီက လေကြောင်းသုံး၍ ရေကုန်မီးကုန် ခုခံနေဆဲ

Must read

ရန်ကုန်၊ မေ ၁၄

ကချင်ပြည်နယ်၊ မံစီမြို့ကို KIA ပူးပေါင်း တပ်ဖွဲ့များ က ယမန်နေ့ ညနေပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယမန်နေ့ မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မံစီမြို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့အတွင်း ကျန်ရှိနေသည့် အကြမ်းဖက် စစ်တပ် စခန်းများကို ဆက်လက် တိုက်ခိုက်နေကြောင်း သိရသည်။

“မံစီမြို့ကို သိမ်းလိုက်ပါပြီ။ မံစံမြို့ထဲမှာရှိတဲ့ ရဲစခန်းကိုလည်း အပြည့်အ၀။ သိမ်းပိုက်ပြီးပြီ။ စစ်တပ် စခန်း ၂ ခုကို ကျန်နေသေးလို့ ဆက်လက် တိုက်ခိုက်နေပါတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ စစ်ကောင်စီတပ်များသည် မံစံမြို့အတွင်းတွင် ခိုအောင်းပြီး KIA ဦးဆောင်သော တော်လှန်ရေးတပ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်များအားလုံးကို မံစံမြို့အတွင်းမှ ဖယ်ရှားနိုင်ခဲ့ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မံစံမြို့အပြင်ရှိ ခမရ-၆၀၁ နှင့် ခမရ-၃၁၉ တပ်ရင်း စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊

ထို့အတူ ကချင်ပြည်နယ် မိုးမောက်မြို့ ကိုလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မေလ ၈ ရက်နေ့ကတည်းက ထိန်းချုပ်လိုက်ပြီး မြို့ပြင်ရှိ မိုးမောက်မြို့စောင့်တပ် ခမရ ၄၃၇ စခန်းကို KIA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ခမရ ၄၃၇ ကို တိုက်နေတာ တိုက်ပွဲ အရမ်းပြင်းထန်နေတုန်းပဲ။ မေလ ၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ အခု ၇ ရက်ရှိနေပြီ။ အဓိက လေယာဉ်နဲ့ ဗုံးတွေ မကြာခဏ ကျဲနေတာပါ ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – မေလ ၁၂ ရက်နေ့ တိုက်ပွဲကြောင့် မံစံမြို့အတွင်းရှိ နေအိမ်များ မီး လောင်ကျွမ်းနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မေလ ၁၂ ရက်နေ့ တိုက်ပွဲကြောင့် မံစံမြို့အတွင်းရှိ နေအိမ်များ မီး လောင်ကျွမ်းနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article