25 C
Yangon

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း အသည်းရောဂါဖြင့် ကွယ်လွန်သွားပြီး မေလ ၁၅ ရက်နေ့ သဂြိုလ်မည်

Must read

ရန်ကုန်၊ မေ ၁၄

ကချင်လွတ်မြောက်ရေးတပ် (KIA)၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း အသည်းရောဂါဖြင့် ကွယ်လွန်သွားပြီး မေလ ၁၅ ရက်နေ့ သဂြိုလ်မည်ဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၂၃ မိနစ်အချိန် KIA စစ်ဦးစီးချုပ် ဒုဗိုလ် ချုပ်ကြီး ခေါင်လွမ်းသည် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“မနေ့ ညနေ ၆ နာရီ ၂၃ မိနစ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်ပါတယ်။ နာရေးဈာပနကတော့ မေလ ၁၅ ရက်နေ့မှာ သဂြိုလ်မယ်လို့ သိရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ၈/၈၂ အင်းလျား၏ Bass ဂစ်တာသမားဖြစ်ကြောင်း၊ ၎င်းကို ဆုံးရှုံးရမှုသည် တိုင်း ပြည်နှင့် လူမျိုးအတွက် ကြီးမားသော ဆုံးရှုံးရမှုဖြစ်ကြောင်း နွေဦးတော်လှန် ရေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ရေးသားထားသည်။

“ဒူကဘာဟာ ဒီတော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန် ကျေတယ်ဆိုတာထက် အများ အများကြီး ကျော်လွန်၊ ထမ်းဆောင်ခဲ့ပြီးပါပြီ။ တိုင်းပြည်နဲ့ လူထုအတွက် ခေတ်သမိုင်းက ပေးအပ်လာတဲ့ တော်လှန်တာဝန်ကို ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ မမှိတ်မသုန် ဆက်လက်ကြိုးပမ်း၊ ထမ်းရွက်ပါ့မယ်” ဟု ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဓာတ်ပုံ – NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၊ ဒေါက်တာတေဇာစန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၊ ဒေါက်တာတေဇာစန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article