25 C
Yangon

မုံရွာမြို့နယ်၊ စစ်ဘေးရှောင်များနေထိုင်သော မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စစ်ဘေးရှောင်များနေထိုင်သော မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေသည့် မုံရွာမြို့နယ် မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ မုံရွာမြို့အထွက်မအူစစ်ဆေးရေးဂိတ်က လက်နက်ကြီးဖြင့် ၅ လုံးပစ်ခတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်တွေနေတဲ့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲကို စစ်တပ်က လက် နက်ကြီးနဲ့ ၅ ချက် ပစ်တာ။ လက်နက်ကြီး ၃ လုံးကျတယ်။ အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ၇ဦးထိခိုက်ဒဏ်ရာရတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောဆိုသည်။

လက်ရှိ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေး ရွာများသို့ ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article