25 C
Yangon

ရေဦးမြို့အထက ၁ ကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို ဗုံးကျဲမှုကြောင့် စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံထားရသူ ၈ ဦး လွတ်မြောက်

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်မှုမထမ်းမနေရဖြင့် ပေါ်တာဆွဲခံထားရသူ ပြည်သူ ၈ ဦးလွတ်မြောက် လာခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီအချိန်တွင် ရေဦးမြို့၊ အထက ၁ ကျောင်းအတွင်း တပ်စွဲထား သောအကြမ်းဖက်စစ်သားများက ပြည်သူ ၃၀ ခန့်ကို စစ်မှုမထမ်းမနေရဖြင့် ပေါ်တာဆွဲထားကြောင်း သတင်းအရ ယင်းပြည်သူများ ပြန်လွတ်မြောက်နိုင်ရန် Fixed-Wing Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ပေးခဲ့ကြောင်း၊ ဗုံးပေါက်ကွဲချိန် စစ်တပ်က ဖရိုဖရဲဖြင့် ၀ရုန်းသုန်းကားဖြစ်နေချိန် မတရားဖမ်းဆီးခံထားရသူ ပြည်သူ ၃၀ ခန့်အနက်မှ ပြည်သူ ၈ ဦးပြန်လည် လွတ် မြောက်လာခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာ ၈ ဦးလွတ်မြောက်လာခဲ့တယ်။ သူတို့ကို တော့ ကင်းပတ် ပြီးလိုက်ရှာတယ်လို့တော့ သတင်းရတယ်။ အဲဒီကျောင်းထဲမှာ ပြည်သူ ၃၀ လောက်ကို ပေါ်တာဆွဲပြီး ဖမ်းထည့်ထားတာ။ အခု ၈ ယောက်လွတ်လာတော့ ၂၀ လောက်တော့ကျန်သေးတယ်။ အဲဒီကျန်တဲ့ သူတွေက အရက်သမားနဲ့ ကိုယ်ခန္ဓာ ဝလို့ ထွက်မပြေးနိုင်တဲ့သူပဲကျန်မှာပါ။ ထွက်ပြေး နိုင်တဲ့ လူငယ်တွေက တော့ ထွက်ပြေးကုန်ကြပြီ။ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပေါ်တာဆွဲခံထားရတဲ့သူတွေ။” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ရေဦး PDF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူ ၈ ဦးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article