25 C
Yangon

ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို ဓနုအမျိုးသားကာကွယ်ရေးတပ်က လျှပ်စစ် မီးပေးစတင်ပေးပြီး ရွာလုံးကျွတ် နေအိမ်တိုင်း မီးရရှိ

Must read

ရန်ကုန်၊ မေ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို ဓနုအမျိုး သားကာကွယ်ရေးတပ်က လျှပ်စစ်မီးပေးစတင်ပေးနေပြီဖြစ်ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ဓနုပြည်နယ်အမျိုးသားကာ ကွယ်ရေး တပ်တော် (DSNDF/DSNDA )မှ တာဝန်ခံ ကိုကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြိုနယ် အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ များကို လျှပ်စစ်မီးပေးနိုင်ရေး ၊ရွာ တွင်းလမ်းများနှင့် အိမ်ပေါက်စေ့ မီးလင်းရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ကျေးရွာတစ်ရွာကို လျှပ်စစ်မီး အိမ်ပေါက်စေ့ပေးနိုင်ရန် အကောင်ထည်ဖော်နိုင်ပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာမှ နေအိမ်အားလုံး ရွာလုံးကျွတ် လျှပ်စစ်မီး ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

DSNDF/DSNDA ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော်က ပြည်သူများအပေါ် မိဘ သဖွယ် တန်ဖိုးထားကာ ပြည်သူတို၏ လိုလားတောင်းတ‌နေသောဖက်ဒရယ်ဒီမိုကရေစီ အပြင် ဒေသဆိုင်ရာဖွံဖြိုးရေးလုပ်ငန်း များအားဆက်လက်၍ အလေးထား ဆောင်ရွက်ပေး သွားမည်ဟု ၎င်းက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article