33 C
Yangon

ယင်းမာပင်-ဆားလင်းကြီး မြို့နယ်ရှိ ၂၂ ရက်ကြာ စစ်ဘေး တိမ်းရှောင်နေရသော ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး မြို့နယ်ရှိ ၂၂ ရက်ကြာ စစ်ဘေး တိမ်းရှောင်နေရသော ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ပြည်သူမှ ပြည်သူသို့ပရဟိတအဖွဲ့မှ ကိုသက်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က လက်ရှိချိန်ထိ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာ နှင့် ဆားလင်းကြီးမြို့နယ်၊ ဂုန်တောရွာ၊ ဒုန်းတောရွာများတွင် တပ်စွဲထားပြီး အောင်ဇေယျမြို့သစ်မှ ဝမ်ပေါင် ကုမ္ပဏီ အထိ ကင်းပုန်းများချထားသောကြောင့် အဆိုပါ ပတ်ဝန်းကျင်အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ယင်းမာပင်မြို့နယ်ထဲရှိ ကျေးစာကျရွာ၊ ပေကုန်းရွာ နှင့် ဆားလင်းကြီးမြို့နယ်ထဲရှိ ဒုန်းတောရွာ၊ ဂုန်တောရွာ၊ ရွာလေးရွာ၊ ရွာသာရွာနှင့် ကံကုန်းရွာတို့မှ ပြည်သူ ၆၀၀၀ ကျော်သည် ၂၂ ရက်ကြာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

“စစ်ရှောင်ဦးရေကတော့ ၆၀၀၀ ထောင်ခန့်ရှိတယ်။ စစ်ရှောင်က ၆ ရွာ လောက် ရှောင်နေရတယ်။ စစ်ရှောင်ပြည်သူတွေကို ကူညီတာတွေရှိပေးမယ်။ စားနပ်ရိပ်က္ခာကတော့လိုအပ်နေပါတယ်။ လုံလောက်မှု မရှိဘူး။ ၂၂ ရက်ရှိခဲ့တဲ့ အချိန်မှာ စားနပ်ရိက္ခာရှားပါမှု၊မလုံလောက်မှုတွေရှိတယ်။ ကူညီတဲ့သူတွေကတော့ရှိပါတယ် သို့သော် လုံလောက်မှုမရှိပါဘူး။ အထူးသဖြင့်ကတော့ ကျွန်တော်တို့ ရာသီဥတုမမှန်ဘူးပေါ့လေ ပူလိုက် မိုးရွာလိုက် ဆိုတော့ ပူအိုက်စိုစွတ်တဲ့ ရာသီဥတု ရာသီဥတု ပြင်းထန်မှုကြောင့်သက်ကြီးရွယ်အိုတွေ တစ်ချို့ လေဖြတ်သူတွေလည်းရှိတယ်။ တစ်ချို့လည်း နာမကျန်းဖြစ်သူတွေရှိတယ်။ ဒါတင်မကပါဘူး။ ကလေးသူငယ်တွေလည်း နာမကျန်းဖြစ်မှုတွေက တိုးတိုးလာပါတယ်။ အဲဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆေးဝါးအကူအညီလိုအပ်နေတယ်” ဟု ပြည်သူမှပြည်သူသို့ပရဟိတအဖွဲ့မှ ကိုသက်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article