28 C
Yangon

မြန်မာနိုင်ငံက ကတိပေးထားသော်လည်း ၇ နှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည် မခေါ်ယူမှု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီး စောဒကတက်

Must read

မြန်မာနိုင်ငံက ကတိပေးထားသော်လည်း ၇ နှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည် မခေါ်ယူမှု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီး စောဒကတက်

ရန်ကုန်၊ မေ ၁၄

မြန်မာနိုင်ငံက ကတိပေးထားသော်လည်း ၇ နှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်ခေါ်ယူမှု မရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီး Hasan Mahmud က မေလ ၁၂ ရက်နေ့တွင် စောဒကတက် ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က မြန်မာနိုင်ငံတွင် ကာလကြာရှည် ပြည်တွင်းရေး မငြိမ်မသက်မှုများကြောင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး နှောင့်နှေးနေကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀-၈၀ အထိ မတည်ငြိမ်မှုများရှိနေသဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးအတွက် အကြောင်းပြချက်မဖြစ်သင့်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ မြန်မာအစိုးရနဲ့ စကားပြောနေပါတယ်။ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး နှောင့်နှေးသွားတာ မှန်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေက အမြဲရှိနေတာမို့ အဲဒါကို အကြောင်းပြချက်အဖြစ် အသုံးပြုတာမျိုး လက်မခံနိုင်ဘူး”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ရိုဟင်ဂျာများ ရေရှည်တည်ရှိနေခြင်းက ပြဿနာများစွာ ဖြစ်စေကြောင်း၊ ရိုဟင်ဂျာများက တရားဥပဒေစိုးမိုးရေးအတွက် အခက်အခဲများဖြစ်လာစေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ရိုဟင်ဂျာများ ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။ အကြမ်းဖက်နှင့် အစွန်းရောက်အုပ်စုများက ရိုဟင်ဂျာစခန်းများမှ လူသစ်စုဆောင်းနေပြီး အကြမ်းဖက်ကွန်ရက်များ ပြန့်ပွားလာမှုက နိုင်ငံအတွင်းသာမက အိမ်နီးချင်းနိုင်ငံများတွင်ပါ ပြဿနာများဖြစ်စေပေါ်ကြောင်း ၎င်းကဆိုသည်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော်ပြောပြီးပါပြီ၊ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ မြန်မာကို ဖိအားပေးဖို့ တခြားနိုင်ငံတွေနဲ့လည်း ပုံမှန် ဆွေးနွေးနေပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ်လို့ အမြဲပြောနေပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ပြန်ခေါ်တာမျိုး လက်ခံတာမျိုးမရှိပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီး Hasan Mahmud က မှတ်ချက်ပြုပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article