25 C
Yangon

အချုပ်အခြာအာဏာ ထိခိုက်စော်ကားခံရခြင်းလော …

Must read

အချုပ်အခြာအာဏာ ထိခိုက်စော်ကားခံရခြင်းလော …

မြန်မာနိုင်ငံအခြေအနေများ တိုးတက်မှုမရှိပါက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာနိုင်ငံကို ဝင်ရောက်ကျုးကျော်ရနိုင်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုမှ ခြိမ်းခြောက်

ရန်ကုန်၊ မေ ၁၄

ပြီးခဲ့သည့် ဧပြီလအတွင်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်ထဲတွင် ကျည်အစစ်သုံး အကြီးစား စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်။

ရှမ်းမြောက်ပိုင်းဓဒသတွင် စစ်ကောင်စီကို အကြီးအကျယ် အထိနာစေသော ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်နိုင်ငံ၏ ဖိအားပေး ကြားဝင်စေ့စပ်မှုများကြောင့် ရပ်နားသွားခဲ့ရသည်။

သို့သော် ပြီးခဲ့သည့်နှစ်လခန့်မှစတင်သော ကချင်ဒေသ တကျော့ပြန်စစ်ပွဲများ ပြန်လည်ပြင်းထန်လာချိန်တွင်တော့ တရုတ်စစ်တပ်က အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို မြန်မာနိုင်ငံနယ်စပ်အနီးတွင် တစ်လအတွင်း နှစ်ကြိမ်ထိ ပြုလုပ်ကာ၊ မြန်မာနိုင်ငံတွင်း ၄င်း၏အကျိုးစီးပွား အထိခိုက် မခံနိုင်ကြောင်းကို အိမ်နီးချင်းနိုင်ငံအား စစ်ရေးအင်အားပြလျက် သတင်းစကားပါးခဲ့သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ယခင်စစ်ခေါင်းဆောင် သန်းရွှေလက်ထက်မှစ၍ တရုတ်အစိုးရအပေါ် မှီခိုရမှု များပြားလာရာမှ မင်းအောင်လှိုင်လက်ထက်တွင်တော့ သမိုင်းတလျောက် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု အခံရဆုံးကာလ အဖြစ်သို့ ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံ၏ လွှမ်းမိုးခံရမှု များပြားလာခြင်းနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တရုတ်ဆိုရှယ်မီဒီယာများတွင် မြန်မာနိုင်ငံတွင်း ပဋိပက္ခများအကြောင်း ပြောဆိုရေးသားခြင်းများလည်း မြင့်တက်လာခဲ့သည်။

တရုတ်ရင်းနှီးမြှပ်နှံမှု အများအပြားရှိသည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်မီဒီယာများတွင် ဖော်ပြခဲ့သော ဖော်ပြမှုများအနက် တရုတ် နိုင်ငံပိုင် သတင်းမီဒီယာတစ်ခုမှ မြန်မာ့အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးစေသော ပြောဆိုထုတ်လွှင့်ချက်တစ်ခုကိုလည်း ခေတ်သစ်မီဒီယာမှ လက်ခံရရှိထားသည်။

ခေတ်သစ်မီဒီယာက လက်ခံရရှိထားသည့် ဗီဒီယိုဖိုင်တွင် တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုမှ သတင်းတင်ဆက်သူတစ်ဦးက “အကယ်၍ မြန်မာနိုင်ငံအခြေအနေများ တိုးတက်မှုမရှိပါက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က မြန်မာနိုင်ငံကို ဝင်ရောက်ကျူးကျော်ရနိုင်သည်” ဟု အဓိပ္ပယ်ဆောင်သော ပြောဆိုချက်များ ပြောကြားခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ပြောကြားခဲ့သည့် အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ ခေတ်သစ်မီဒီယာက လေ့လာမှုများ ပြုလုပ်ချက်ရှိပြီး၊ ယင်းအကြောင်းနှင့် ပတ်သက်သည်များကို ထပ်မံဖော်ပြသွားမည် ဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article