25 C
Yangon

ဆောမြို့နယ်၊ တောမကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လ အရွယ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး နေအိမ် ၁၁ လုံး ပျက်စီး

Must read

ဆောမြို့နယ်၊ တောမကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လ အရွယ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး နေအိမ် ၁၁ လုံး ပျက်စီး

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ လ အရွယ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး နေအိမ် ၁၁ လုံး ပျက်စီးခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ ကိုဘကောင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆောမြို့နယ်၊ တောမကျေးရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးမြို့ လေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၂ လုံး မီးလောင်းကျွမ်းခဲ့ပြီး လူနေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ်ပေါ်ရှိ အသက် ၈ လနှင့် ၅ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၉ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“သေသွားတဲ့အထဲမှာ ၈ လသားလေးနဲ့ ၅ နှစ်အရွယ်ကလေး ၂ ဦးက ယောက်ျားလေးတွေဗျဓ နေအိမ် ၂ လုံးကတော့လုံးဝပြာကျသွားတယ်။ ၉ လုံးကတော့ ရစရာမရှိအောင်ပျက်စီးသွားတာ။ ကလေးတွေ နှစ်ဦးအပါအဝင်အမျိးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးသေဆုံးတယ်။ ၉ ဦးလောက်ကတော့ ဒဏ်ရာပြင်း ထန်တယ်။ တစ်ချို့ပြည်သူတွေလည်း ဒဏ်ရာအနည်းအကျဉ်းလောက်ရတာအများကြီးရှိတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလအတွင်း ဆောမြို့နယ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး မေလ ၉ ရက်နေ့ကလည်း ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article