25 C
Yangon

လှိုင်သာယာ၊ ၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူ၏တိုင်ကြားချက်အရ ရှင်းလင်းဟု Anonymous Force အဖွဲ့က ပြော

Must read

လှိုင်သာယာ၊ ၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူ၏တိုင်ကြားချက်အရ ရှင်းလင်းဟု Anonymous Force အဖွဲ့က ပြော

ရန်ကုန်၊ မေ ၁၄

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူများ တိုင်ကြားချက်အရ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက် ကျား Anonymous Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားသည် တော်လှန်လူငယ်များ၏ သတင်းများကို စစ်တပ် ပေးပို့ခြင်း၊ ကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးခြင်းနှင့် စစ်တပ် ထောက်တိုင်အဖြစ် ဆောင်ရွက်ကာ ပြည်သူများကို အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိကြောင်း တိုင်ကြားစာ လက်ခံရရှိခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) မှ တာတန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“သူက ၂ လုံး ၃ လုံးလည်း ရောင်းတယ်။ ကျွန်တော်တို့ အဖွဲ့တွေ ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ သူလဲကျသွားတော့ အိတ်ထဲက လက်ထိပ်ကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ သက်သေအနေနဲ့တော့ လက်ထိပ်ကို ကောက်ယူနိုင်ခဲ့ခြင်တော့ မရှိပါဘူး။ သူက ဆယ်အိမ်မှူး ဆိုပေမယ့်လည်း လက်ထိပ်ကို အမြဲ ကိုင်ဆိုင်နိုင်ခွင့် ရှိနေတဲ့သူပါ” ဟု Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) မှ တာတန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ပြည်သူ့တော်လှန်ရေး အင်အားစု၊ ရန်ကုန် စစ်ဒေသခွဲ၊ Anonymous Force အဖွဲ့ အနေဖြင့် အောင်ကျော်ထူး (ခ) အညာသား အပြင် အကြမ်းဖက် စစ်တပ် လက်ပါးစေများကို ဆက်လက်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် “Cheetah Operation” များထဲမှ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article